ထောင်တွင်းပဋိပက္ခ

A d v e r t i s e m e n t With Us

March 23, 2020

သီရိလင်္ကာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကောလာဟလကြောင့် ထောင်တွင်းပဋိပက္ခဖြစ်၊ ၂ ဦး သေဆုံး

သီရိလင်္ကာနိုင်ငံ အနုရာဓပူရမြို့က အကျဉ်းထောင်တခုမှာ မတ် ၂၁ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ကောလာဟလတွေကြောင့် အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ခဲ့ပြီး လူ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ သီရိလင်္ကာမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု ထိန်းချုပ်ဖို့အတွက် အစိုးရက နေရာတော်တော်များများမှာ အပြင်မထွက်ရ ကာဖြူးအမိန့်တွေ ထုတ်ထားချိန်မှာ၊ အနုရုဒပူရထောင်တွင်း အကျဉ်းသားတွေရဲ့ ဆူပူမှုဖြစ်ခဲ့ပြီး အခုလို ထိခိုက်သေဆုံးခဲ့တာပါ။  လွှတ်တော်အမတ်တဦးကလည်း နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက ပြန့်နေပေမယ့် ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။  သီရိလင်္ကာမှာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၆ ဦး စစ်ဆေးတွေ့ရှိထားပြီး ဗိုင်းရပ်စ်ထိန်းချုပ်ရေးအနေနဲ့ ပိတ်ရက်တွေမှာ အပြင်မထွက်ရ အမိန့် ချိုးဖောက်သူ ၁၁၀ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
12 months Ago
Up