ဂျော်ဂျီယာ သမ္မတဟောင်း မီခေးလ် ဆာကာရှဗီလီကို မြို့တော်တီဘလစ်စီက ထောင်ဆေးရုံကို နိုဝင်ဘာ ၈ ရက်က တင်ပို့လိုက်ရတယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။
ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ ကြေညာအပြီး သီတင်းပတ် ငါးပတ်အကြာမှာ ခုလို ဆေးရုံတင်လိုက်ရတာပါ။
အသက် ၅၃ နှစ်အရွယ် သမ္မတဟောင်းဟာ အရပ်ဘက်ဆေးခန်းမှာ ဆေးကုခွင့်ရဖို့ တောင်းဆိုခဲ့ပေမဲ့ မြို့တော် တီဘလစ်စီရဲ့ ဂယ်ဒါနီခရိုင်က ထောင်ဆေးရုံဆီ တင်ပို့ခံခဲ့ရပါတယ်။
သူ့ရဲ့ အိမ်ထောင်ဖက်ကတော့ ဘေးကင်းရေး စိုးရိမ်တယ်လို့ ပြောပါတယ်။ သမ္မတဟောင်းကို ထောက်ခံသူတွေ ထောင်ပေါင်းများစွာက မြို့တော်တဝန်း မနေ့ညက ချီတက်ခဲ့ကြပါတယ်။
သမ္မတဟောင်းဟာ ဒေသန္တရရွေးကောက်ပွဲမတိုင်ခင် ညက အတိုက်အခံတွေရဲ့ ချီတက်ပွဲကို ပါဝင်ဖို့ ဂျော်ဂျီယာနိုင်ငံဆီကို ပြည်ပကနေ အောက်တိုဘာလ ၁ ရက်က ပြန်လာချိန်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး သူကတော့ တိုင်းပြည်ကို ကယ်တင်မယ့် လုပ်ငန်းအတွက် ပြန်လာတာလို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လက အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတွေလို့ စွပ်စွဲကာ မတရားတိုက်ပိတ် နှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသား ကိုဆစ်နိုင်နဲ့ ကိုလေပြေစိုးမိုးတို့ ထောင်ဆေးရုံကနေ ထောင်တွင်းသီးသန့်ဆောင်တွေကို ပြန်ရောက်နေပြီး မူလချုပ်နှောင်ထားရာ အဆောင်မှာ ပြောင်းရွေ့ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၉ ရက်နေ့ ရုံးချိန်းမှာတော့ ရန်ကုန် တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကိုလေပြေစိုးမိုးနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဋ္ဌ ကိုဆစ်နိုင် (ခ) ကိုဇော်ထက်နိုင်တို့ရဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သိရပါတယ်။
ဇွန်လ ၂၃ ရက်နေ့ အင်းစိန်ထောင်တွင်းသပိတ်ဦးဆောင်သူဆိုပြီး ထောင်အာဏာပိုင်တွေက ကျောင်းသား ၂ ဦးကို စွပ်စွဲကာ မတရားနှိပ်စက်တာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ထောင်တွင်းဆန္ဒပြပွဲအပြီးမှာ ကိုဆစ်နိုင်နဲ့ ကိုလေပြေစိုးမိုးတို့ ထောင်ဆေးရုံတက်ရောက်ခဲ့ရပြီး ကိုလေပြေစိုးမိုးဟာ ထောင်တွင်း တိုက်ပိတ်ခံရတာကို အချိန်ကြာမြင့်စွာခံစားရကြောင်းသိ ရပါတယ်။
ထောင်တွင်းသပိတ်နဲ့ပက်သတ်ပြီး သေဆုံးမှုစာရင်းကို မေးမြန်းရာမှာတော့ အတည်ပြု ပြောကြားခြင်း မရှိပါဘူး။