ထောင်ချီပလတ်စတစ်များ ဆယ်ယူ

August 1, 2019

ဂရိနိုင်ငံ ပင်လယ်ကြမ်းပြင်မှ ထောင်ချီပလတ်စတစ်များ ဆယ်ယူ

ဂရိနိုင်ငံ အန်ဒရိုကျွန်းရဲ့ ကမ်းရိုးတန်း ပင်လယ်ကြမ်းပြင်ကနေ အခုလအတွင်း ထောင်ချီတဲ့ ပလတ်စတစ် အိတ်တွေကို ဆယ်ယူဖယ်ရှားခဲ့တယ်လို့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရေငုပ်သမားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပြောပါတယ်။ “အရောင်စုံတဲ့ သန္တာကျောက်တန်းတွေကြောင့် နာမည်ကြီးတဲ့ ကာရေဘီယံပင်လယ်ပြင်မှာ သန္တာကျောက်တန်းတွေအစား ပလတ်စတစ်အိတ်တွေပဲ တွေ့ခဲ့ရတယ်။ မြင်ရတာ အင်မတန် ကြောက်ဖို့ကောင်းတယ်” လို့  Aegean Rebreath အဖွဲ့ရဲ့ စေတနာ့ဝန်ထမ်း ရေငုပ်သမားတစ်ယောက်က ပြောပါတယ်။ Aegean Rebreath အဖွဲ့ကို ပင်လယ်ရေအောက်နဲ့ သန္တာကျောက်တန်းတွေ သန့်ရှင်းစေဖို့ ရည်ရွယ်ချက်နဲ့ ၂၀၁၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ Aegean Rebreath အဖွဲ့က ရေငုပ်သမားတွေဟာ အခုလအတွင်းမှာ သန္တာကျောက်တန်းတွေကြားထဲမှာ ညှပ်နေတဲ့ အလေးချိန် ကီလိုဒါဇင်ချီတဲ့ ပလတ်စတစ် အိတ်တွေကို ဆယ်ယူဖယ်ရှားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့ဟာ အန်ဒရိုကျွန်းနဲ့ ဆယ်လာမီနာကျွန်း ရေပြင်ကနေ အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိတဲ့ ငါးဖမ်းပိုက်တွေကိုလည်း ဖယ်ရှားခဲ့ပါသေးတယ်။ ကမ္ဘာ့ပင်လယ် သမုဒ္ဒရာတွေထဲမှာ ပလတ်စတစ်အမှိုက် ညစ်ညမ်းမှုက လူသားတွေကြောင့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းလာရတဲ့ လက္ခဏာတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။
Zawgyi Version ဂရိႏိုင္ငံ ပင္လယ္ၾကမ္းျပင္မွ ေထာင္ခ်ီပလတ္စတစ္မ်ား ဆယ္ယူ DVB ဂရိႏိုင္ငံ အန္ဒ႐ိုကြၽန္းရဲ႕ ကမ္း႐ိုးတန္း ပင္လယ္ၾကမ္းျပင္ကေန အခုလအတြင္း ေထာင္ခ်ီတဲ့ ပလတ္စတစ္ အိတ္ေတြကို ဆယ္ယူဖယ္ရွားခဲ့တယ္လို႔ အဲဒီလႈပ္ရွားမႈမွာ ပါဝင္ခဲ့တဲ့ ေရငုပ္သမားေတြနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းသူေတြက ေျပာပါတယ္။ “အေရာင္စုံတဲ့ သႏၲာေက်ာက္တန္းေတြေၾကာင့္ နာမည္ႀကီးတဲ့ ကာေရဘီယံပင္လယ္ျပင္မွာ သႏၲာေက်ာက္တန္းေတြအစား ပလတ္စတစ္အိတ္ေတြပဲ ေတြ႕ခဲ့ရတယ္။ ျမင္ရတာ အင္မတန္ ေၾကာက္ဖို႔ေကာင္းတယ္” လို႔ Aegean Rebreath အဖြဲ႕ရဲ႕ ေစတနာ့ဝန္ထမ္း ေရငုပ္သမားတစ္ေယာက္က ေျပာပါတယ္။ Aegean Rebreath အဖြဲ႕ကို ပင္လယ္ေရေအာက္နဲ႔ သႏၲာေက်ာက္တန္းေတြ သန႔္ရွင္းေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ၂၀၁၇ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာပါ။ Aegean Rebreath အဖြဲ႕က ေရငုပ္သမားေတြဟာ အခုလအတြင္းမွာ သႏၲာေက်ာက္တန္းေတြၾကားထဲမွာ ညႇပ္ေနတဲ့ အေလးခ်ိန္ ကီလိုဒါဇင္ခ်ီတဲ့ ပလတ္စတစ္ အိတ္ေတြကို ဆယ္ယူဖယ္ရွားခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီအဖြဲ႕ဟာ အန္ဒ႐ိုကြၽန္းနဲ႔ ဆယ္လာမီနာကြၽန္း ေရျပင္ကေန အေလးခ်ိန္ ၃၀၀ ကီလိုဂရမ္ရွိတဲ့ ငါးဖမ္းပိုက္ေတြကိုလည္း ဖယ္ရွားခဲ့ပါေသးတယ္။ ကမာၻ႔ပင္လယ္ သမုဒၵရာေတြထဲမွာ ပလတ္စတစ္အမႈိက္ ညစ္ညမ္းမႈက လူသားေတြေၾကာင့္ ကမာၻ႔သဘာဝပတ္ဝန္းက်င္ ပ်က္စီး ယိုယြင္းလာရတဲ့ လကၡဏာေတြထဲက တခုအပါအဝင္ ျဖစ္ပါတယ္။
2 years Ago
Up