ထောင်ချ

April 17, 2021

ရခိုင်အရေး ဆန္ဒပြမှုဖြင့် ဖမ်းဆီးထောင်ချခံရသည့် ဗကသကျောင်းသား ၆ ဦး ပြန်လွတ်

မန္တလေးမြို့မှာ ရခိုင်ပြည်နယ်အတွင်း ထိုးစစ်တွေ ရပ်ဖို့နဲ့ အင်တာနက်ဖြတ်တောက်တာ အလိုမရှိကြောင်း ဆန္ဒပြခဲ့မှုနဲ့ ဖမ်းဆီးထောင်ချခံရတဲ့ ဗကသ ကျောင်းသား ၆ ဦး ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့က အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ခဲ့ပါတယ်။

လွတ်မြောက်လာသူတွေဟာ ကိုညီညီမင်းထက်ဝေ၊ ကိုသက်မောင်မောင်၊ ကိုမျိုးချစ်ဇော်(ခ)ဘချစ်၊ ကိုသုတညီညီ၊ ကိုအောင်ခိုင်မင်း၊ ကိုလှထွန်းအောင် တို့ဖြစ်ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) / ၅၀၅(ခ) တို့နဲ့ တရားစွဲ ထောင်ချခံရသူတွေဖြစ်ပါတယ်။

သူတို့နဲ့အတူ ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်၊ ကိုရဲရင့်အောင်၊ ကိုဘုန်းမြင့်ကျော်တို့ကတော့ ခုထိ မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကျည်းသား အကျည်းသူ ၂၃၀၀၀ ကျော် လွှတ်ပေးခဲ့ပြီး မန္တလေးအိုးဘိုထောင်က ကျား ၁၃၀၀ ဦး၊ မ ၂၆၇ ဦးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

8 months Ago
Up