ထောင်

August 4, 2020

အိုင်အက်စ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ထောင်ကို အာဖဂန်လုံခြုံရေးတပ် ပြန်သိမ်း

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းက ဂျလာလာဘတ်မြို့ထဲမှာ အိုင်အက်စ် စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ ထောင်ကို အာဖဂန် လုံခြုံရေးတပ်တွေက သြဂုတ် ၃ ရက်မှာ ပြန်သိမ်းလိုက်နိုင်ပါတယ်။ စစ်သွေးကြွတွေရဲ့ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် အကြီးစား ထောင်ဖောက်မှု ဖြစ်ခဲ့တာပါ။ အပြန်အလှန် တိုက်ပွဲတွေကြောင့် အရပ်သား၊ ထောင်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် လူ ၂၉ ယောက်ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ဒဏ်ရာရပါတယ်။ ထောင်သား ၃၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ နန်ဂဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ပြောခွင့်ရက ပြောပါတယ်။ ထောင်သား ၁,၇၉၃ ယောက်ထဲက လူ ၁,၀၀၀ ကျော် ထွက်ပြေးဖို့ ကြိုးစားခဲ့ပြီး ပြန်ဖမ်းနိုင်ခဲ့ပါတယ်။ ထောင်သား ၄၃၀ ကတော့ ထွက်မပြေးဘဲ ဆက်နေခဲ့ကြပါတယ်။ ထောင်ဝင်ပေါက်မှာ ကားဗုံးဖောက်ခွဲအပြီး သြဂုတ် ၂ ရက် ညမှာ တိုက်ခိုက်မှု စခဲ့တာပါ။  အိုင်အက်စ် သေနတ်သမားတွေက လုံခြုံရေးအစောင့်တွေကို ပစ်ခတ်ချိန်မှာ တခြား ပေါက်ကွဲမှု အတော်များများလည်း ဖြစ်ခဲ့ပါတယ်။ ဒီထောင်ဟာ အိုင်အက်စ်နဲ့ တာလီဘန် ထောင်သားတွေကို ရိုးရိုးရာဇဝတ်သားတွေနဲ့အတူ ထိန်းသိမ်းထားတဲ့ ထောင်ပါ။  အာဖဂန်စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယာဆင်ဇီယာဟာ အထူးတပ်ဖွဲ့ဝင်တွေ ပါတဲ့ စစ်ဆင်ရေးအခြေအနေကို ကြီးကြပ်ဖို့ ဩဂုတ် ၃ ရက်က ရောက်လာခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ထောင်ထဲမှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ ခိုနေလို့ ရှင်းလင်းဖို့ အထူးတပ်ဖွဲ့ဝင်တွေကိုပါ တာဝန်ပေးခဲ့ရပြီး ပုံမှန်အားဖြင့် လူစည်ကားတဲ့မြို့ကို ခုတော့ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။
1 year Ago

April 28, 2020

ထောင်ထဲတွင် နေရမည်ဟု တခါမှ မတွေးခဲ့ဖူးကြောင်း ရော်နယ်ဒင်ညိုပြော

ထောင်ထဲမှာ နေခဲ့ရလိမ့်မယ်လို့ တကြိမ်တခါမှ မတွေးခဲ့ဘူးကြောင်း ဘရာဇီး ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ညိုက ပြောပါတယ်။ ဘရာဇီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း ရော်နယ်ဒင်ညိုဟာ ပတ်စ်ပို့အတု ကိုင်ဆောင်မှုကြောင့် ပါရာဂွေးနိုင်ငံမှာ သူ့ရဲ့အစ်ကိုနဲ့အတူ အဖမ်းခံခဲ့ရတာပါ။ ထောင်ထဲမှာ ၃၂ ရက်ခန့် နေထိုင်ခဲ့ရပြီးနောက် လက်ရှိအချိန်မှာ နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းခံနေရကာ အမှုကိုလည်း ဆက်လက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။  ဟိုတယ်တခုမှာ အကျယ်ချုပ်နဲ့ နေထိုင်ရစဉ်မှာ ပါရာဂွေးရုပ်သံ ABC နဲ့ အင်တာဗျူးခဲ့ပြီး ဒီလို အခက်ခဲဆုံးအချိန်တွေ ကြုံတွေ့ခဲ့ရလိမ့်မယ်လို့ မတွေးခဲ့ဘူးကြောင်း ရော်နယ်ဒင်ညိုက ပြောပါတယ်။ ရော်နယ်ဒင်ညိုနဲ့ သူ့ရဲ့အစ်ကိုဖြစ်သူဟာ ပါရာဂွေးကုမ္ပဏီတခုက ပေးတဲ့ ပတ်စ်ပို့စ်နဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီး အတုပြုလုပ်တယ်လို့ တရားစွဲဆိုခံထားရမူပေါ်မှာ အံ့အားသင့်မိပြီး အမှန်အတိုင်း ပေါ်ပေါက်စေချင်တယ်လို့ ရော်နယ်ဒင်ညိုက ပြောပါတယ်။
2 years Ago
More News
Up