ထောက်လှမ်းရေးအဖွဲ့

January 22, 2020

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ရုံးခန်းကို ထောက်လှမ်းရေးအဖွဲ့ ဝင်ရောက်စီးနင်း

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုရဲ့ ရုံးခန်းကို ဇန်နဝါရီလ ၂၁ ရက်မှာ ထောက်လှမ်းရေးအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ အတိုက်အခံအမတ်တွေက မီဒီယာကို ပြောပါတယ်။ ထောက်လှမ်းရေးအဖွဲ့ဝင်တွေက အဆောက်အဦတခုလုံးကို သိမ်းပြီး တဦး တယောက်ကိုမှ ဝင်ထွက်ခွင့်မပြုခဲ့ဘူးလို့ အတိုက်အခံအမတ် မန်နွယ်လာဘိုလီဗာက ပြောပါတယ်။ ဒါဟာ လုပ်ထုံးလုပ်နည်း မကျတာကြောင့် ဝင်စီးတယ် ပြောလို့ရကြောင်း ဘိုလီဗာက ပြောခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ဝင်တွေဟာ ကြားဖြတ်သမ္မတ ရုံးခန်းနဲ့ လွှတ်တော်အဖွဲ့ တစိတ်တပိုင်း နေရာကို သိမ်းယူခဲ့တယ်လို့ အတိုက်အခံအမတ် ဘိုလီဗာက သတင်းထောက်တွေကို  ပြောပါတယ်။ အနက်ရောင်ဝတ် ဆယ်ဘင်ထောက်လှမ်းရေး အဖွဲ့ဝင်တွေကို ဟွမ်ဂွယ်ဒိုရုံးခန်းရှိရာ အဆောက်အဦအပြင်ဘက်မှာ တွေ့ရပါတယ်။ ထောက်လှမ်းရေးအဖွဲ့ဝင်တွေရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ မာဒူရိုအစိုးရက မှတ်ချက်ပြု ပြောကြားတာ မရှိသေးဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago
Up