ထောက်လှမ်းရေးဂြိုဟ်တု

December 20, 2020

အမေရိကန် ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်

အမေရိကန် အခြေစိုက် အာကာသရှာဖွေရေးနည်းပညာကော်ပိုရေးရှင်း SpaceX ဟာ ၂၀၂၀ ခုနှစ်အတွင်း နောက်ဆုံးစစ်ဆင်ရေးအဖြစ် သူ့ရဲ့ ထောက်လှမ်းရေးဂြိုဟ်တုကို ကုမ္ပဏီပိုင် Falcon 9 အာကာသယာဉ် သုံးပြီး ဒီဇင်ဘာ ၁၉ ရက်မှာ အောင်အောင် မြင်မြင် လွှတ်တင်လိုက်ပါတယ်။ အမေရိကန် အမျိုးသားထောက်လှမ်းရေးရုံး (NRO) အတွက် ကင်းထောက်ဂြိုဟ်တုကို အမျိုးသားလုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးအတွက် Falcon 9 အာကသယာဉ် နဲ့ လွှတ်တင်ခဲ့တာပါ။ မူလက ဒီဇင်ဘာ ၁၇ ရက်မှာ လွှတ်တင်ဖို့ စီစဉ်ထားခဲ့ပေမယ့် ပုံမှန်မဟုတ်တဲ့ ဖိအားတွေကြောင့် နှောင့်နှေးခဲ့ရပါတယ်။ NRO ရဲ့ တောင်းဆိုချက်အရ SpaceX ဟာ ဂြိုဟ်တုရဲ့ တည်နေရာကို ဖော်ပြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွှတ်တင်မှု၊ ခွဲထွက်မှုနဲ့ Falcon 9 ယာဉ် ပြန်လည်ဆင်းသက်မှုတွေ အောင်မြင်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ Falcon 9 အာကာသယာဉ်ဟာ ကမ္ဘာပတ်လမ်းကြောင်းပေါ်ထိ ဂြိုဟ်တုတွေကို လွှတ်တင် နေရာချနိုင်တဲ့ ကမ္ဘာ့ပထမဆုံး အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ ယာဉ်ဖြစ်တယ်လို့ SpaceX က ပြောပါတယ်။
4 months Ago
Up