ထောက်လှမ်းနိုင်

A d v e r t i s e m e n t With Us

January 10, 2021

ပျက်ကျအင်ဒိုနီးရှားလေယာဉ်၏ အရေးပေါ်အချက်ပြမှု ထောက်လှမ်းနိုင်ပြီ

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာကနေ ပျံတက်အပြီး မိနစ်ပိုင်းအတွင်း ပင်လယ်ထဲ ပျက်ကျသွားခဲ့တယ်လို့ ယုံကြည်ရတဲ့ စရီဝိဂျယ (သီရိဝိဇယ) လေကြောင်းလိုင်းပိုင် ဂျက်လေယာဉ်က အရေးပေါ်အချက်ပြမှုတွေကို ထောက်လှမ်းလို့ ရပြီလို့  ရှာဖွေ ကယ်ဆယ်ရေး ဌာနအကြီးအကဲက ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ပြောပါတယ်။  နေရာ ၂ ခုကနေ အချက်ပြတာကို ထောက်လှမ်း တွေ့ရှိထားပြီး ဒါဟာ လေကြောင်း ပျံသန်းမှု မှတ်တမ်းတင်စက် သေတ္တာနက်ကနေလာတာ ဖြစ်နိုင်တယ်လို့ သူက သတင်းထောက်တွေကို  ပြောပါတယ်။  ဘိုးရင်း 737 - 500 ဂျက်လေယာဉ်ကို ရှာရာမှာ သုံးတဲ့ လေကြောင်းပျံသန်းမှု မှတ်တမ်းက ရတဲ့ အချက်ပြလှိုင်းကို ရှာဖို့ ရေငုပ် ကယ်ဆယ်ရေးသမားတွေနဲ့ ပစ္စည်းကိရိယာတွေကို သုံးထားပါတယ်။  လေယာဉ်ဟာ စနေနေ့က အနောက်ကလီမန်တန် ဒေသက ပွန်တီယာနက်ခ် မြို့ဆီ ပျံသန်းချိန်မှာ လေဆိပ်ကနေ တက်အပြီး လေးမိနစ်အကြာမှာ ရေဒါမျက်နှာပြင်ပေါ် ကနေ ပျောက်သွားတာဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၆၂ ယောက် ပါပါတယ်။  ရှာဖွေရေးအဖွဲ့တွေနဲ့ ငါးဖမ်းသမားတွေဟာ ဇန်နဝါရီ ၉ ရက် နှောင်းပိုင်းမှာ အရေးပေါ် လေထီးနဲ့ တခြားအပျက်အစီးတွေကို ဆယ်ယူနိုင်ခဲ့ပေမဲ့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။  အင်ဒိုနီးရှား မိုးလေဝသဌာနကလည်း မိုးကြီးပြီး လေပြင်းမယ့်ဘေး ရှိနေလို့ ရှာဖွေ ကယ်ဆယ်ရေးအားထုတ်မှုတွေကို နှောင့်နှေးစေနိုင်တယ်လို့ သတိပေးထားပါတယ်။
2 months Ago
Up