ဂူဂဲလ်ရဲ့ အန်းဒရိုက် စမတ်ဖုန်းတွေဟာ သြဂုတ် ၁၁ ရက်ကစပြီး ကမ္ဘာတဝန်းက ငလျင်တွေကို ထောက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။
ငလျင်လှုပ်တာ မစခင် စက္ကန့်ပိုင်းအတွင်း လူတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ ငလျင်ဗဟိုချက်နဲ့ ဝေးတဲ့နေရာကလူတွေ အပျက်အစီးနဲ့ ဒဏ်ရာရတာ လျှော့ချဖို့ ရည်မှန်း ထုတ်လုပ်ထားတာပါ။
ဂျပန်၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်တွေကတော့ သတိပေးချက်တွေ ထုတ်လွှင့်ဖို့ မြေပြင်အခြေစိုက် အာရုံခံစနစ်တွေကို သုံးနေနှင့်ပြီးပါပြီ။
စမတ်ဖုန်းတွေကို ငလျင်တိုင်းကိရိယာ အသေးစားအဖြစ် ပုံပြောင်းနိုင်တာဟာ အကြီးစား တိုးတက်မှုပဲလို့လည်း ငလျင်ပညာရှင်တွေက ပြောပါတယ်။
ကမ္ဘာတဝန်းမှာ စမတ်ဖုန်းနဲ့ တက်ဘလက် သန်း ၂၅၀၀ ကျော်ဟာ ဂူဂဲလ်ရဲ့ အန်ဒရိုက် လည်ပတ်မှုစနစ်ကို သုံးထားပါတယ်။
ဒါပေမဲ့ ဂူဂယ်ရဲ့ ပလေးဆားဗစ် ဆော့ဖ်ဝဲလ်ကို တားမြစ်ပိတ်ပင်ထားတဲ့ တရုတ်နိုင်ငံ အပါအဝင် ဒေသတချို့မှာတော့ ဒီစနစ်ကို သုံးလို့ ရမှာ မဟုတ်ပါဘူး။
ဂူဂဲလ်ဟာ သူ့စီမံကိန်းတွေကို အမေရိကန် အပါအဝင် ကမ္ဘာ့ဈေးကွက် တဝက်လောက်ကို ရထားတဲ့ အန်းဒရိုက်ရဲ့ ပြိုင်ဘက် အက်ပဲလ် နိုင်ငံတကာ ကော်ပိုရေးရှင်းနဲ့ မဆွေးနွေးရသေးဘူးလို့ ဂူဂဲလ်ရဲ့ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာက ပြောပါတယ်။
2 years Ago