ထောက်ခံသူများ ဆန္ဒပြ

August 2, 2020

ဖမ်းဆီးထိန်းသိမ်းခံ ရုရှား ပြည်နယ်အုပ်ချုပ်ရေးမှူးကို ထောက်ခံသူများ ဆန္ဒပြ

ဖမ်းဆီးထိန်းသိမ်းခံ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ထောက်ခံတဲ့သူတွေ ရုရှားနိုင်ငံတလွှားက မြို့တွေမှာ သြဂုတ် ၁ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ စိန့်ပီတာစဘတ်၊ ယေကာတာရင်ဘာ့ဂ်နဲ့ မော်စကိုမြို့တွေမှာ ဆန္ဒပြသူတွေကို ရဲတွေက ဖမ်းခဲ့ပါတယ်။ စနေနေ့က သီတင်းပတ် လေးပတ်မြောက်အဖြစ် ရုရှားအရှေ့စွန်း ခါဘာရော့ဗ်စ်ခ်မြို့မှာ လူထောင်ချီဆန္ဒပြပြီး သမ္မတဗလာဒီမီယာပူတင်က ဒေသန္တရနိုင်ငံရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းပုံကို ဆန့်ကျင်ချီတက်ခဲ့ကြပါတယ်။ ရုရှားအရှေ့ပိုင်းတလွှားက ဒေသခံတွေရဲ့ လူကြိုက်များတဲ့ အုပ်ချုပ်ရေးမှူးကို လူသတ်မှုနဲ့ ဖမ်းဆီးခဲ့လို့ ဒေသခံတွေ မပျော်မရွှင် ဖြစ်နေပါတယ်။ စွဲချက်တွေကိုတော့ အုပ်ချုပ်ရေးမှူး ဆာဂီဖာဂယ်က ငြင်းထားပါတယ်။ ဒီအမှုဟာ နိုင်ငံရေးအရ အကွက်ရွှေ့တာလို့ သူ့ကို ထောက်ခံသူတွေက ပြောပါတယ်။ ဒီကိစ္စဟာ ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးကြောင့် ဝင်ငွေကျဆင်းပြီး စီးပွားရေး ကစဉ့်ကလျား ဖြစ်နေလို့ ဖြေရှင်းဖို့ ကြိုးစားနေတဲ့ ရုရှားအစိုးရအတွက် ခေါင်းကိုက်စရာ ဖြစ်နေတာပါ။ သမ္မတပူတင်က အုပ်ချုပ်ရေးမှူးအသစ် ခန့်ခဲ့ပေမယ့် အဲဒီလူဟာ ဒေသနဲ့ ပတ်သက်မှုမရှိလို့ ရာထူးက ဆင်းဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
1 year Ago
Up