ထောက်ခံသူ

September 20, 2020

ရုရှား ခါဘာရော့ဗ်စ်ဒေသအုပ်ချုပ်ရေးမှူးဟောင်းအမှု မျှတစေရေး ထောက်ခံသူများ ဆန္ဒပြ

ရုရှားအရှေ့ဖျား ခါဘာရော့ဗ်စ်ဒေသမှာ စက်တင်ဘာလ ၁၉ ရက်က  ထိန်းသိမ်းခံ ပြည်နယ်အုပ်ချုပ်ရေးမှူးအတွက် မျှတတဲ့ တရားစီရင်ရေးရဖို့ ထောက်ခံသူတွေ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။  ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဆာဂျီဖူဂါးရဲ့အယူခံကို မော်စကိုတရားရုံးက  စက်တင်ဘာ ၁၈  ရက်မှာ ပယ်ချခဲ့ပါတယ်။  ဇူလိုင် ၉ ရက်က  ဆာဂျီဖူဂယ်ကို လူသတ်မှု စွဲချက်တွေနဲ့ ပတ်သက်လို့ ဖမ်းဆီးခဲ့ပြီး အဲဒီ စွဲချက်တွေကို ဖူဂယ်က ငြင်းဆိုထားပါတယ်။  ဖူဂယ့်ကိုဖမ်းဆီးတာဟာ နိုင်ငံရေးအရ လှုံ့ဆော်တာဖြစ်တယ်လို့ ထောက်ခံသူတွေကဆိုပြီး သီတင်းပတ်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။  သမ္မတ ပူတင်က ယာယီပြည်နယ်အုပ်ချုပ်ရေးမှူးသစ်ကို ခန့်အပ်ခဲ့ပေမယ့် ဆန္ဒပြသူတွေက အဲဒီလူဟာ ခါဘာရော့ဗ်စ်ဒေသနဲ့မသက်ဆိုင်ဘဲ သူ့ကို ရာထူးက ဆင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။  ရုရှားလစ်ဘရယ်ဒီမိုကရက်တစ်ပါတီဝင် တဦးဖြစ်တဲ့ ဖူဂယ်ဟာ လက်ရှိ အာဏာရ ယူနိုက်တက်ရုရှားပါတီက ပြိုင်ဘက်ကို အနိုင်ရပြီးနောက် ၂၀၁၈ ခုနှစ်မှာ အာဏာရခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
1 year Ago

July 16, 2020

နယူးယောက်တွင် ရဲတပ်ဖွဲ့ကို ထောက်ခံသူနှင့် ဆန့်ကျင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်

အမေရိကန်ပြည်ထောင်စု၊  နယူးယောက်မြို့က ဘရွတ်ကလင်းတံတားပေါ်မှာ ရဲတပ်ဖွဲ့ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်ဆန္ဒပြသူတွေအကြား ဇူလိုင် ၁၅ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် အနည်းဆုံး လေးဦး ဒဏ်ရာရခဲ့သလို ဆန္ဒပြသူ ၃၇ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ နယူးယောက်ရဲတပ်ဖွဲ့ဌာနက ပြောပါတယ်။  ရိုက်တာကရရှိတဲ့ ဗီဒီယိုဖိုင်တခုထဲမှာ ရဲတပ်ဖွဲ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြအမျိုးသမီးကို အင်အားသုံး ဖမ်းဆီးနေတာကို တွေ့ရပါတယ်။  မေလက လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲက ဖမ်းဆီးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဆန္ဒပြချီတက်ပွဲတွေဟာ အမေရိကန်ပြည်ထောင်စုတဝန်းမှာ  ဖြစ်နေဆဲပါ။ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ကို ပေးနေတဲ့ ရန်ပုံငွေတွေ လျှော့ချဖို့နဲ့ ဖြစ်စဉ်တွေမှာ ပါဝင်နေတဲ့ ရဲတွေကို အလုပ်ထုတ်ဖို့နဲ့ တရားစွဲဖို့ တောင်းဆိုနေပါတယ်။
1 year Ago
Up