သင့်အနေနဲ့ ဦးခေါင်း ၂ လုံးပါတဲ့ မြွေတကောင်ကို ရုတ်တရက် တွေ့လိုက်ရမယ်ဆိုရင် ဘယ်လိုများဖြစ်သွားလိမ့်မလဲ။
ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ မြွေတွေဟာ သက်ရှိကမ္ဘာမှာ တကယ့်ကို ဆိုးဝါးလှတဲ့ အိပ်မက်ဆိုးတခုလိုပါပဲ။
သာမန်အခြေအနေမှာတောင် သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ အသွင်အပြင်နဲ့ မြွေတွေကို မြင်လိုက်ရရင် နှလုံးသွေးရပ်တန့်တော့မတတ် ကြောက်ရွံ့သွားကြမှာဖြစ်လို့ ဦးခေါင်း ၂ လုံးပါတဲ့ မြွေတကောင်ကို မြင်လိုက်ရမယ်ဆိုရင်တော့ ဒါဟာ မတွေးရဲစရာပါပဲ။
ဒီမြွေကို အမေရိကန်နိုင်ငံ၊ ကန်းဆတ်စ်ပြည်နယ် တောတွင်းတနေရာမှာ တွေ့ခဲ့တာဖြစ်ပြီး ဓာတ်ပုံဆရာ ဂျေဆင် တဲလ်ဘော့တ်က ထိန်းသိမ်းရေးစခန်းဆီ မပို့ခင်မှာ ရိုက်ယူထားနိုင်ခဲ့တာပါ။
သူ့ရဲ့လက်ထဲမှာ ဦးခေါင်း ၂ လုံးပါ မြွေဟာ သီးခြားဦးခေါင်းတခုစီနဲ့ လွတ်လွတ်လပ်လပ် တွန့်လိမ်လှုပ်ရှားပြနေခဲ့တာကို အသည်းယားစဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။
4 years Ago