ထူးခြားဆန်းပြား လိပ်တိုက်ပွဲ (ရုပ်သံ)

December 4, 2015

ထူးခြားဆန်းပြား လိပ်တိုက်ပွဲ (ရုပ်သံ)

တိရစ္ဆာန်တွေ တကောင်နဲ့တကောင် ဒါမှမဟုတ် အုပ်စုဖွဲ့ ရန်ပြုတိုက်ခိုက်တာကို တွေ့ဖူးကြမှာပါ။ နိုဝင်ဘာ ၃၀ ရက်နေ့က ရိုက်ကူးထားတဲ့ ဒီဗွီဒီယိုရုပ်သံဖိုင်မှာတော့ မုံရွာမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်းက ကန်အတွင်းမှာ မွေးမြူထားတဲ့ လိပ်တွေထဲက လိပ်နှစ်ကောင်ရဲ့ တကောင်နဲ့တကောင် အားပြိုင် တိုက်ခိုက်နေကြတာကို ထူးခြားဆန်းပြားစွာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အဲဒီရွှေစည်းခုံ ဘုရားဝင်းအတွင်းမှာ ရေလိပ်ကန်၊ ကုန်းလိပ်ခြံ ဆိုပြီးရှိပြီး လိပ်အကောင်ရေ ၆၀ လောက်ရှိပါတယ်။ ဒါ့အပြင် ဘုရင်းဝင်းအတွင်းမှာ ငါးကန်လည်း ရှိပါတယ်။ ရုပ်သံ - အောင်ကိုလတ်
6 years Ago
Up