ထူးခြားစွမ်းအင်များနှင့်

January 27, 2017

ထူးခြားစွမ်းအင်များနှင့် ဘော့စနီးယားနိုင်ငံမှ သံလိုက်လူသား

ဘော့စနီးယားနိုင်ငံသား အမျိုးသားတဦးဟာ ဆွဲငင်နိုင်တဲ့ သံလိုက်ဓာတ်စွမ်းအင် တမျိုးပိုင်ဆိုင်တယ်လို့ သိရပြီးနောက်မှာတော့ သံလိုက်လူသားတဦးအဖြစ် နာမည် ကျော်ကြားလာခဲ့ပါတယ်။ သူ့ရဲ့ ခန္ဒာကိုယ်မှာ သံလိုက်ဓာတ်စွမ်းအင်တမျိုးရှိနေပြီး ဦးခေါင်း၊ ရင်ဘတ်၊ နောက်ကျောဘက်တွေမှာ သားလှီးဓားတွေ၊ ဇွန်းတွေ၊ ဖုန်းတွေကို ဆွဲငင်ကပ်ထားနိုင် စွမ်းရှိနေတာကို တွေ့ရှိခဲ့ရတာပါ။ အသက် ၃၈ နှစ်အရွယ် နာမင် ဟယ်လီလက်ဂျစ်အမည်ရတဲ့ အဆိုပါအမျိုးသား ဟာ သူ့မှာ ခုလိုစွမ်းရည်ရှိနေတာကို အခုနှစ်အစောပိုင်းက စတင်သတိပြုမိခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ သားဖြစ်သူနဲ့အတူ မီးဖိုချောင်ထဲမှာ ပန်းကန်ဆေးခဲ့ချိန်မှာ သူ့ခန္ဒာကိုယ် ကနေ ရေဒီယိုသတ္တိစွမ်းအင်တမျိုးထုတ်လွှင့်နေတာကို သတိပြုမိခဲ့တာလို့ ပြောပါတယ်။ “ပန်းကန်ထဲမှာ ရှိနေတဲ့ ဇွန်းက သူ့အလိုလို ကျနော့်ဆီ ပြေးကပ်လာတော့ ကျနော် ရှော့ခ်ရသွားခဲ့တယ်”လို့ သူက ဆိုပါတယ်။ တခြား ထူးထူးခြားခြား မလေ့ကျင့်ရပါပဲနဲ့ သူဟာ ဇွန်းတွေ၊ ခက်ရင်းတွေ၊ ဓားတွေ နဲ့ တခြား မီးဖိုချောင်သုံးပစ္စည်းတွေအပြင် သတ္တုမဟုတ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ရီမုကွန်ထ ရိုးနဲ့ မိုဘိုင်းလ်ဖုန်းတွေကိုပါ ဆွဲငင်နိုင်စွမ်း ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတော့ ဂျော်ဂျီယာနိုင်ငံသား လက်ဝှေ့သမားဟောင်းတဦး ဖြစ်တဲ့ အက်တီဘာအက်လ်ချယက်ဗ်က ဇွန်းအချောင်းရေ ၅၃ ချောင်းကို ဆွဲငင်ကပ်ပြခဲ့ပြီး အရင်သူတင်ထားခဲ့တဲ့စံချိန် ဇွန်းအချောင်းရေ ၅၀ ကို ချိုးဖျက်ကာ ကမ္ဘာ့စံချိန်တင် ထားခဲ့ပါတယ်။ အက်လ်ချယက်ဗ်က သူ့ဆီမှာ သံလိုက်ဓာတ်ရှိနေတဲ့အတွက် ခုလိုဇွန်းတွေကို ကပ်ပြနိုင်ခဲ့တာလို့ ပြောခဲ့ပါတယ်။
4 years Ago
Up