ထူးထူးခြားခြား

November 25, 2019

ထူးထူးခြားခြား လှည့်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားသည့် ဟောလိဝုဒ်ရုပ်ရှင် - Queen&Slim (နမူနာ)

ထူးခြားတဲ့ လှည့်ကွက်ပုံစံတမျိုးနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်-Queen & Slim ကို လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures နဲ့ Entertainment One တို့က ဖြန့်ချိတာဖြစ်ပြီး Music Video တွေရိုက်ကူးတာနဲ့ နာ မည်ကြီးတဲ့ ဂရမ်မီဆုအပါအဝင် ထူးချွန်ဆုတွေ ရရှိထားတဲ့ အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Melina Matsoukas က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားရဲ့ ဇာတ်လမ်းကျောရိုးကတော့ ထင်မှတ်မထားတဲ့ လှည့်ကွက်တခုကြောင့် ကြုံတွေ့ရတဲ့ ချစ်သူစုံတွဲတတွဲရဲ့ အကြောင်းကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမယ့် ဇာတ် လမ်းမျိုးပါ။ Queen နဲ့  Slim တို့က လူငယ်လူမည်းစုံတွဲတတွဲ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ ပထမဆုံး Date တဲ့ နေ့မှာတင် ဆိုးဝါးတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ခဲ့ကြရတာပါ။ ကင်းလှည့်လာတဲ့ ရဲတယောက်နဲ့ ကတောက်ကဆဖြစ်ပြီး သေနတ်နဲ့ မတော်တဆ ပစ်သတ်လိုက်မိရာကနေ တရားခံပြေးတွေအဖြစ် ပြောင်းလဲသွားစေပြီး ဖြေရှင်းလို့မရတဲ့ အရှုပ်အထွေးတွေကြား ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ လူမည်းသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Daniel Kaluuya နဲ့ Jodie Turner-Smith တို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်း သူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၃၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့  ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၂၀ အကုန်အကျခံရိုက်ကူးထားပြီး Box Office မှာတော့ ရုံတင်ပြသမယ့် ပထမ သီတင်းပတ်မှာတင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းရရှိနိုင်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
2 years Ago
Up