ထူးဆန်းသည့် မွေ့ယာပျံနှင့် ရုတ်တရက်တိုက်မိခဲ့သည့် ဥမင်တွင်းမှ ဆိုင်ကယ်သမား

April 5, 2017

ထူးဆန်းသည့် မွေ့ယာပျံနှင့် ရုတ်တရက်တိုက်မိခဲ့သည့် ဥမင်တွင်းမှ ဆိုင်ကယ်သမား (ရုပ်သံ)

သြစတြေးလျနိုင်ငံမှ ဆိုင်ကယ်သမားတဦးဟာ ဥမင်လိုဏ်ခေါင်းတခုထဲက ဖြတ်သန်းမောင်းနှင်ချိန်မှာ ထူးဆန်းတဲ့ မွေ့ယာပျံတခုနဲ့ ရုတ်တရက် တိုက်မိခဲ့ပါတယ်။ ဘီဘီစီသတင်းတပုဒ်မှာ ဧပြီ ၄ ရက်နေ့က ဖော်ပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီအမျိုးသားဟာ ဥမင်လိုဏ်ခေါင်းတွင်း ဖြတ်သန်းမောင်းနှင်ချိန်မှာ မွေ့ယာလို့တောင် မသိနိုင်တဲ့ အရာဝတ္ထုက လေထဲကနေ ဝေ့ဝဲ ထိုးဆင်းကျလာခဲ့တာကို တွေ့ရပါတယ်။ ဆိုင်ကယ်ဟာလည်း အရှိန်နဲ့ မောင်းနှင်နေခဲ့တာဖြစ်လို့ မွေ့ယာကြီးဟာ ဆိုင်ကယ်ဘီးတွေကြား ညပ်ကာ ရုတ်တရက် ရပ်တန့်သွားခဲ့ရပါတယ်။ ဆိုင်ကယ်သမားဟာ ခုလိုဖြစ်ပျက်တဲ့ အခြေအနေကို နားမလည်နိုင်ခဲ့ပဲ ဆိုင်ကယ်အောက်မှ မွေ့ယာကို ဆွဲထုတ်ခဲ့ရတာပါ။ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမို့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ် ပျံ့နှံ့နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မွေ့ယာဟာ ဆိုင်ကယ်အနီးက ဖြတ်မောင်းသွားတဲ့ ကားတစီးပေါ်ကနေ လွင့်ကျလာခဲ့ပုံရတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
4 years Ago
Up