ထူးဆန်းသည့် ခေါင်း ၂ လုံးပါ ဖွတ်နဂါး အစာစားသည့်ရုပ်သံဖိုင် ရေပန်းစား

A d v e r t i s e m e n t With Us

May 3, 2016

ထူးဆန်းသည့် ခေါင်း ၂ လုံးပါ ပုတ်သင်ညို အစာစားသည့်ရုပ်သံဖိုင် ရေပန်းစား

တရုတ်နိုင်ငံမှ တွားသွားသတ္တ၀ါ အရောင်းဆိုင်လုပ်ငန်းရှင်တဦးဟာ မွေးရာပါ ဦးခေါင်း ၂ လုံးပါရှိတဲ့ ပုတ်သင်ညို အနွယ်ဝင် အိမ်မွေးပုတ်သင်ညိုတကောင်ရဲ့ အစာစားနေတဲ့ ရုပ်သံဗွီဒီယို ဖိုင်ကို အင်တာနက်ပေါ် တင်ခဲ့ပြီးနောက်မှာ ကြည့်ရှုသူတွေကြား ရေပန်းစားခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ မေလ ၂ ရက်နေ့က ဖော်ပြပါတယ်။ ဂွတ်ဒ်ရှော့ပ်-ဂျီအက်စ် အမည်ရတဲ့ တွားသွားသတ္တ၀ါရောင်းတဲ့ဆိုင် ဆိုင်ရှင်က အဲဒီ ရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဦးခေါင်း ၂ လုံးနဲ့ ခြေချောင်း ၆ ခုပါဝင်တဲ့ အဲဒီပုတ်သင်ညိုဟာ အစာဖြစ်တဲ့ အင်းဆက်တွေကို ပါးစပ် ၂ ခုလုံး အသုံးပြုပြီး စားသောက်နေခဲ့တာကို ထူးထူးဆန်းဆန်း တွေ့မြင်ရမှာပါ။ ဆိုင်ရှင်က အဆိုပါ အိမ်မွေးပုတ်သင်ညိုသတ္တ၀ါကို တရုတ်နိုင်ငံမှာ မနှစ်က မွေးဖွားခဲ့တာ လို့ ဆိုပါတယ်။ မကြာသေးခင်ကတော့ အဲဒီသတ္တ၀ါကို Venice Beach ထူးဆန်းထွေလာပြပွဲပိုင်ရှင် တော့ဒ်ရေးကို ရောင်းချခဲ့တယ်လို့ သူက ပြောပါတယ်။
5 years Ago
Up