ထူးချွန်အားကစားသမားများကို ကယားပြည်နယ်အစိုးရက ဂုဏ်ပြုချီးမြှင့်

July 30, 2019

ထူးချွန်အားကစားသမားများကို ကယားပြည်နယ်အစိုးရက ဂုဏ်ပြုချီးမြှင့်

ကမ္ဘာ့အဆင့်၊ အရှေ့တောင်အာရှအဆင့်နဲ့  တိုင်းဒေသကြီးနှင့် ပြည်နယ်ဖိတ်ခေါ်အား ကစားပြိုင်ပွဲတွေမှာ  ဆုရရှိခဲ့ကြတဲ့ ကယားပြည်နယ်ကိုယ်စားပြု အားကစားသမားတွေကို ကယားပြည်နယ် အစိုးရက ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။ ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို ဇူလိုင် ၂၉ ရက်နေ့ ညနေ ၄ နာရီခွဲက လွိုင်ကော်မြို့ ပြည်နယ်အားကစားရုံသစ်မှာ ပြုလုပ်ခဲ့တာပါ။ ဒီအခမ်းအနားမှာ One Championship MMA အမျိုးသမီးဖိုက်တာ အန်တိုနီယာ အပါအ၀င် ၊ ထိုင်းနိုင်ငံဖိတ်ခေါ် ကရာတေးပြိုင်ပွဲ၊ ဖိလစ်ပိုင်နိုင်ငံ တိုက်ကွမ်ဒိုပြိုင်ပွဲ ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံသိပ္ပံကျောင်းပေါင်းစုံပြိုင်ပွဲ၊ အင်ဒိုနီးရှားဖိတ်ခေါ် ခရစ်ကက်ပြိုင်ပွဲ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှုး၊ ပြေးခုန်ပစ် ၊ ဂေါက်သီး ၊ ရေကူး ၊ တိုက်ကွမ်ဒို ၊ ကရာတေးဒို၊  ပြေးခုန်ပစ်ပြိုင်ပွဲနဲ့၊ မသန်စွမ်းအားကစားပွဲတွေမှာ ဆုတံဆိပ်ရလာတဲ့ ကယားပြည်နယ်က ထူးချွန် အားကစား မောင်မယ်တွေကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တာပါ။ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဆုရရှိလာတဲ့အားကစား မောင်မယ်တွေကို အခုလို ဂုဏ်ပြုနိုင်တာဟာ  ဂုဏ်ပြုသူ ပြည်နယ်သူ ပြည်နယ်သားတွေနဲ့ ဂုဏ်ပြုခံ အားကစားသမားတို့ နှစ်ဦးနှစ်ဖက်စလုံးအတွက် ဝမ်းသာပီတိနဲ့ စိတ်ရွှင်လန်းစေတဲ့ အချိန်ဖြစ်တယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုလိုအောင်မြင်မှုတွေကို နှစ်စဉ်နှစ်တိုင်း အရှိန်အဟုန်မပြတ် ဆက်လက် ထိန်းသိမ်းသွား ကဖို့နဲ့  ယခုပြိုင်ပွဲတွေသာမက လာမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အားကစားပြိုင်ပွဲတွေမှာလည်း မိမိပြည်နယ်ရဲ့ အားကစားဂုဏ်ကို ယခုထက် ပိုမိုတိုးတက်အောင် စွမ်းဆောင်ပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
2 years Ago
Up