ထူးချွန်လုပ်ငန်းရှင်

August 11, 2018

ထူးချွန်လုပ်ငန်းရှင်များအတွက် Netpreneur Prize ဆု အလီဘာဘာလုပ်ငန်းစု စတင်

အလီဘာဘာလုပ်ငန်းစုကြီး တည်ထောင်သူ ဂျက်မားဟာ ထူးချွန်တဲ့ အာဖရိကန်စီးပွားရေး လုပ်ငန်းရှင်တွေကို ထောက်ပံ့ဖို့အတွက် Netpreneur Prize ဆုကို သြဂုတ် ၈ ရက်နေ့က စတင်လိုက်ပါတယ်။ ဒီအတွက် အာဖရိကမှာ ရှိကြတဲ့ လုပ်ငန်းငယ်လေးတွေဟာ အမေရိကန် ဒေါ်လာ ၁ သန်းရရှိဖို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီဆုကို လာမယ့် ၁၀ နှစ်အတွင်း နှစ်စဉ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ အောက်ခြေ လူတန်းစားတွေရဲ့ တီထွင်ဆန်းသစ်မှု၊ အမျိုးသမီး စီးပွားရေး စွမ်းဆောင်မှုနဲ့ လုပ်ငန်းငယ်လေးတွေကို အဓိကထား ချီးမြှင့်မယ်လို့ သိရပါတယ်။ ဒီဆုဟာ အာဖရိကန် စီးပွားရေးလုပ်ငန်းရှင်တွေကို ထောက်ပံ့တဲ့ ဂျက်မားရဲ့ ဒုတိယ အစီအစဉ်လည်း ဖြစ်ပါတယ်။ မနှစ်တုန်းက အဘီဘာဘာစီးပွားရေး လုပ်ငန်းစုနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းပြီး eFounders ပညာသင်ဆု အစီအစဉ်ကို စတင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ အာဖရိကက စွန့်ဦးတီထွင်လုပ်ငန်းရှင် ၂၀၀ အပါအ၀င် အားယူကာစ ဈေးကွက်တွေက  လုပ်ငန်းရှင်အရေအတွက် ၁,၀၀၀ ကို လေ့ကျင့်သင်ကြားပေးမယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up