ထူးခြားအောင် စွမ်းဆောင်

March 13, 2020

ဘရူနိုဖာနန်ဒက်စ်ကို ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ့်စ်က ချီးကျူး

ဘရူနိုဖာနန်ဒက်စ်ဟာ ဘောလုံးရရှိချိန်တိုင်းမှာ တခုမဟုတ်တခု ထူးခြားအောင် စွမ်းဆောင်ပေးနိုင်သူလို့ မန်ယူနိုက်တက်ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ့်စ်က ပြောကြားလိုက်ပါတယ်။  မန်ယူနိုက်တက်အတွက် ကစားထားတဲ့ ၈ ပွဲမှာ ၃ ဂိုးသွင်းယူပြီး ၃ ကြိမ် ဂိုးဖန်တီးပေးထားနိုင်တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ချက်စတာစီးတီးကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်းနဲ့ ဆင်တူကြောင်း ဟားဂရေ့ဗ့်စ်က ချီးကျူးခဲ့ပါသေးတယ်။  ဖာနန်ဒက်စ်ဟာ ဒီဘရိုင်းလိုပဲ လျင်မြန်ပြီးတော့ ‌ကစားပုံလည်း မလောတတ်ကြောင်း၊ နေရာလွတ်တွေရှာပြီးတော့ ဘာလုပ်ရမယ်ဆိုတာ အသေအချာသိသူဖြစ်ကြောင်း ဟားဂရေ့ဗ်စ်က ဆိုပါတယ်။  ဖာနန်ဒက်စ်အနေနဲ့ မနေ့ညက LASK အသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲစဉ်မှာလည်း တကြိမ်ဂိုးဖန်တီးပေးခဲ့ပြီးတော့ အခွင့်အရေး ၇ ကြိမ်ထိ ဖန်တီးပေးနိုင်ခဲ့လို့ ဘောလုံးသုံးသပ်သူတွေ အပါအဝင် မန်ယူနိုက်တက်အသင်းပရိသတ်တွေက ကျေနပ်နေကြပါတယ်။
2 years Ago
Up