မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ထူးခြားထင်ရှား မြန်မာအားကစားသမားများ
Home
ထူးခြားထင်ရှား မြန်မာအားကစားသမားများ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
January 1, 2020
1.8K
၂၀၁၉ ထူးခြားထင်ရှား မြန်မာအားကစားသမားများ
ဘုန်းမြင့်ကျော် ( ဘိဘိယက် 9-Ball Pool ဆီးဂိမ်းစ်ရွှေတံဆိပ် ၂ ခုဆုရှင် )
ကိုဘုန်းမြင့်ကျော်ဟာ ပြီးခဲ့တဲ့ ဖိလစ်ပိုင်ဆီးဂိမ်း အမျိုးသား၂ယောက်တွဲ 9-Ball Pool ပြိုင်ပွဲမှာ အောင်မိုးသူနဲ့ အတူ စင်ကာပူအတွဲကို အနိုင်ယူပြီး ရွှေတံဆိပ်ရခဲ့သလို တစ်ဦးချင်း9-Ball ပြိုင်ပွဲမှာလည်း ဗီယက်နမ် ကစားသမားကိုအနိုင်ယူပြီး ရွှေတံဆိပ် တခု ထပ်မံရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မအိန္ဒြေဖူ
( အားနစ် ဆီးဂိမ်းစ်ရွှေတံဆိပ်ဆုရှင် )
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းစ် (ARNIS) အားနစ်အားကစားပြိုင်ပွဲမှဦ မအိန္ဒြေဖူးက အိမ်ရှင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ကစားသမားတွေကို ကျော်ဖြတ်ပြီး ရမှတ်အများဆုံးနဲ့ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ ပါတယ်။
မြတ်ကောင်းခန့် (ကောင်းဆုံးလူငယ်ဘောလုံးသမားဆုရှင် - ချိုင်နက်ဟွန်းဘေကလပ်)
အသက် ၁၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်ဟာ အသက် ၁၇ နှစ်သားကတည်းက မြန်မာလူငယ်အသင်းတွေမှာ လက်ရွေးစင်ဖြစ်ခဲ့ပြီး ဒီနှစ် ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုရခဲ့တဲ့ မြန်မာ ယူ-၂၂ အသင်းမှာလည်း ခြေစွမ်းပြကစားခဲ့သူ ဖြစ်ပါတယ်။
ရတနာပုံကလပ်အသင်းမှာ ကစားနေတဲ့ မြတ်ကောင်းခန့်ကို ထိုင်းနိုင်ငံက လိဂ် ၂ မှာ ပြိုင်ပွဲဝင် ယှဉ်ပြိုင်ကစားနေတဲ့ Chainat Hornbill ကလပ်အသင်းက မကြာသေးခင်ကပဲ ခေါ်ယူ ထားပါတယ်။
ဒေးဗစ်ထန် ( အကောင်းဆုံးဘောလုံးသမားဆုရှင် - ရှမ်းယူနိုက်တက်)
မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူ ဒေးဗစ်ထန်ဟာ ဝါရင့်ကစားသမားတဦးဖြစ်ပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ နိုင်ငံအသင်းအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ် ခြေစွမ်းပြ ကစားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီမှာလည်း ရှမ်းယူနိုက်တက်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် MNL ရဲ့ ၂၀၁၉ တနှစ်တာ ဘောလုံးသမားအဖြစ် ရွေးချယ်ခံရပါတယ်။
ရီရီဦး (အမျိုးသမီး အကောင်းဆုံး ဘောလုံးသမားဆုရှင် )
မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ရှေ့တန်းတိုက်စစ်မှူး ရီရီဦးဟာ ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းစ် ကြေးတံဆိပ်ဆုရရှိခဲ့တဲ့ မြန်မာအသင်းရဲ့ အဓိက ကစားသမားတဦးဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာလည်း အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် တဦးလည်းဖြစ်ပါတယ်။
ငြိမ်းချမ်းကိုကို (ဝူရှူး)
မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်က ရွေးချယ်ချီးမြှင့်သည့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ အကောင်းဆုံးအားကစားသမားဆုရရှိထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ ငြိမ်းချမ်းကိုကိုအနေနဲ့ ထိုက်ကျိချွမ်နဲ့ ထိုက်ကျိကျန့်တို့ကို ဝင်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ်တွေ လွဲချော်ခဲ့ပါတယ်။
အောင်သူ (ဘော်လီဘော Toray Arrows ကလပ်အသင်း)
မြန်မာ့လက်ရွေးစင်ဘော်လီဘောကစားသမားအောင်သူဟာ ဂျပန်ကလပ်အသင်း V1 Leage မှာပထမဆုံးကစားခွင့်ရတဲ့ မြန်မာ ဘော်လီဘောကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး သူ့ရဲ့ အားပါပြင်းထန်တဲ့ ရိုက်ချက်တွေကြောင့် ပရိတ်သတ်တွေအကြား ရေပန်းစားနေပါတယ်။
ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းစ်မှာ မြန်မာအသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် ခြေထောက် ဒဏ်ရာကြောင့် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ဆေးကုသမှုခံယူခဲ့ရပါတယ်။
သက်ထားသူဇာ ( မြန်မာ့လက်ရွေးစင် ကြက်တောင် )
အသက် ၂၁ နှစ်အရွယ် မသက်ထားသူဇာဟာ နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၇ ခုရရှိထားပြီး ကမ္ဘာ့ကြက်တောင်ရိုက်အားကစားအဖွဲ့ချုပ်ရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၁၀၀ အတွင်းဝင်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ကာ လတ်တလော ကမ္ဘာ့အဆင့် ၆၅ မှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းစ်မှာ မြန်မာအသင်းအတွက် ပါဝင်ကစားခဲ့ပေမယ့် ဆုတံဆိပ် ရရှိခဲ့ခြင်းတော့ မရှိပါဘူး။ လာမယ့် တိုကျို အိုလံပစ်ပွဲမှာ နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့် ရဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။
တီရယ်ထန်း (MMA ဘက်စုံ ကိုယ်ခံပညာ ကစားသမား )
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီအားကစားရုံမှာ ဒီဇင်ဘာ ၆ ရက်က ကျင်းပတဲ့ MARK OF GRE ATNESS MMA One Championship ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသား တီရယ်ထန်းက တောင်ကိုရီးယားကစားသမား ကင်ဝန်ချွမ်းကို အမှတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။
1 year Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up