ထိုင်ဝမ်ရေကစားဥယျာဉ်တွင် မီးလောင်ပြီး လူသေဆုံးခဲ့မှု ပွဲစီစဉ်သူကို ထောင်ဒဏ်ချမှတ်

A d v e r t i s e m e n t With Us

April 28, 2016

ထိုင်ဝမ်ရေကစားဥယျာဉ်တွင် မီးလောင်ပြီး လူသေဆုံးခဲ့မှု ပွဲစီစဉ်သူကို ထောင်ဒဏ်ချမှတ်

ပြီးခဲ့တဲ့နှစ် ဇွန်လက ထိုင်ဝမ် ရေကစားဥယျာဉ် စတိတ်ရှိုးပွဲတခုမှာ မီးလောင်ကျွမ်းခဲ့ပြီး လူ ၁၅ ဦး သေဆုံးခဲ့မှုအတွက် ပွဲစီစဉ်သူမှာ တာဝန်ရှိတယ်ဆိုပြီး ဧပြီ ၂၆ ရက်နေ့က ထောင်ဒဏ် ၄ နှစ်နဲ့ ၁၀ လ ချမှတ်လိုက်ပါတယ်။ စတိတ်ရှိုးပွဲ စီစဉ်သူ လုချွန်ချီ (Lu Chung-chi) ဟာ စတိတ်ရှိုးပွဲကို ဘေးအန္တရာယ်မဖြစ်အောင် သင့်လျော်တဲ့ ကြိုတင်အစီအမံတွေ မရှိဘူး၊ မီးလုံးကြီးအဖြစ် ကူးစက်လောင်ကျွမ်းခဲ့တဲ့ ပေါင်ဒါမှုန့်တွေကို ရှိုးပွဲမှာ ဖျန်းခဲ့ပေမယ့် ကိုင်တွယ်သူတွေဟာ ကျွမ်းကျင်မှုမရှိဘူး၊ တာဝန်ပေါ့လျော့တယ်ဆိုပြီး ရှီလင် (Shihlin) ခရိုင် တရားသူကြီးက ဆုံးဖြတ်ပါတယ်။ သေဆုံးခဲ့သူ ၁၅ ဦးမှာ အများစုဟာ လူငယ်အရွယ်တွေဖြစ်ကြပြီး တချို့ဟာ ခန္ဓာကိုယ်ကို ၄၀ ရာခိုင်နှုန်းအထိ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ စတိတ်ရှိုးထဲမှာ လေမှုတ်လွှင့်ထားတဲ့ အစိမ်းရောင်၊ အ၀ါရောင် ပေါင်ဒါမှုန့်တွေနဲ့ ပြောင်းမှုန့်တွေဖြစ်ပြီး မီးကူးစက်လွယ်တယ်၊ ရှိုးစင် လျှပ်စစ်မီးတွေနဲ့ ရှော့ခ်ဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းတယ်လို့ အာဏာပိုင်တွေက စုံစမ်းတွေ့ရှိခဲ့ပါတယ်။ အဲဒီမီးလောင်မှုမှာ ရှိုးပွဲပရိသတ် ၅၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ထောင်ဒဏ် ၄ နှစ်နဲ့ ၁၀ လ ချမှတ်ခံရသူ တရားခံ လုချွန်ချီဟာ အယူခံဝင်ခွင့်တော့ ရရှိတယ်လို့ ထိုင်ဝမ်သတင်းတွေက ဆိုပါတယ်။
5 years Ago
Up