ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် ဒီပီပီပါတီမှ အနိုင်ရပြီးနောက် စတော့ဈေး ပြန်တက်

January 27, 2016

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲတွင် ဒီပီပီပါတီမှ အနိုင်ရပြီးနောက် စတော့ဈေး ပြန်တက်

ထိုင်ဝမ်မှာ ဒီပီပီပါတီရဲ့ ကိုယ်စားလှယ်လောင်း Tsai Ing-wen သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရှိအပြီး ထိုင်ဝမ် စတော့ရှယ်ယာဈေးတွေလည်း ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပြန်တက်ခဲ့ပါတယ်။ တရုတ်အစိုးရနဲ့ သိပ်သဟဇာတ မဖြစ်လှတဲ့ ဒီပီပီပါတီက ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲ၊ ထိုင်ဝမ်ပါလီမန် ရွေးကောက်ပွဲတွေမှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၃ ရက်နေ့က အနိုင်ရလိုက်တဲ့အတွက် ထိုင်ဝမ်-တရုတ် ဆက်ဆံရေးက အရင်အစိုးရနဲ့စာရင် အဖုအထစ် ရှိလာနိုင်ပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တခုအဖြစ် သဘောထားတာပါ။ ထိုင်ဝမ်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်အရ Tsai Ing-wen ဟာ မဲအားလုံး ၆ ဒသမ ၉၈ သန်း၊ မဲရလဒ် ၅၆ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တာပါ။ တိုင်ပေမြို့ခံတဦးဖြစ်တဲ့ He Tsung-yi က Tsai Ing-wen ရွေးကောက်ပွဲ အနိုင်ရတာဟာ ထိုင်ဝမ်ပြည်သူတွေရဲ့ လက်ရှိသဘောထားကို လုံးဝထင်ဟပ်နေတယ်လို့ ပြောဆိုပါတယ်။
6 years Ago
Up