ထိုင်ဝမ်တွင် တင့်ကားကြီး တံတားအောက်ထိုးကျ၊ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး (ရုပ်သံ)

August 17, 2016

ထိုင်ဝမ်တွင် တင့်ကားကြီး တံတားအောက်ထိုးကျ၊ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး (ရုပ်သံ)

ထိုင်ဝမ်တောင်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းချိန် တင့်ကားတစီး တံတားအောက်ထိုးကျသွားပြီး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်လို့ ထိုင်ဝမ်အာဏာပိုင်တွေက သြဂုတ် ၁၆ ရက်က ထုတ်ပြန်ပါတယ်။ ထိုင်ဝမ်တောင်ပိုင်းက ပင်းတောင် (Pingtung) မြို့နယ်မှာ စစ်ရေးလေ့ကျင့်မှုတွေအပြီး တပ်စခန်းကိုအပြန် တံတားအောက်ထိုးကျသွားပြီး လိုက်ပါလာတဲ့ တပ်ဖွဲ့ဝင် ၅ ဦးမှာ ၃ ဦးက သေဆုံးသွားတာပါ။ တင့်ကားမောင်းနှင်သူနဲ့ တင့်ကားဗိုလ်ကြီးတို့ ၂ ဦးကတော့ ဒဏ်ရာတွေနဲ့ လွတ်မြောက်ခဲ့ကြပါတယ်။ တင့်ကားက တဘက်ကိုဆွဲသွားပြီး ထိန်းမရနိုင်ဖြစ်ကာ တံတားအောက် ပြုတ်ကျသွားတာလို့ ဆိုပါတယ်။ ထိုင်ဝမ်သမ္မတက သေဆုံးခဲ့သူ မိသားစုဝင်တွေကို ၀မ်းနည်းစကား ပြောဆိုခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။ ထိုင်ဝမ်ကို တရုတ်နိုင်ငံက တိုက်ခိုက်လာရင် ပြန်လည်တွန်းလှန်တဲ့ပုံစံ စစ်ရေးလေ့ကျင့်မှုကိုလည်း မကြာခင် လုပ်ဆောင်ကြဖို့ရှိပြီး သမ္မတကိုယ်တိုင် တက်ရောက်ဖို့လည်း ရှိပါတယ်။
5 years Ago
Up