ထိုင်ဝမ်ကျွန်းအရှေ့မြောက်ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်ဖွယ်ရှိ

September 26, 2016

ထိုင်ဝမ်ကျွန်းအရှေ့မြောက်ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ၀င်ရောက်ဖွယ်ရှိ

မက်ဂီ တိုက်ဖွန်းမုန်တိုင်းဟာ စက်တင်ဘာ ၂၈ ရက်နေ့မှာ ထိုင်ဝမ်ကျွန်း အရှေ့မြောက် ကမ်းရိုးတန်းကို ၀င်ရောက်ဖွယ်ရှိပါတယ်။ ထိုင်ဝမ်မိုးလေ၀သဌာနရဲ့ အဆိုအရ မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ရွေ့လျားနေပြီး တနာရီ လေတိုက်နှုန်း ၂၁ ကီလိုမီတာရှိတယ်လို့ ဆိုပါတယ်။ မုန်တိုင်းဟာ စက်တင်ဘာ ၂၈ ရက် အစောပိုင်းမှာ တရုတ်တောင်ပိုင်းဒေသကို ၀င်ရောက်မယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဆိုပါတယ်။ ဒီလိုအချိန်မျိုးမှာ တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသတွေကို မုန်တိုင်းတွေ နှစ်စဉ် ၀င်ရောက်လေ့ရှိပါတယ်။ နွေးထွေးတဲ့ ပစိဖိတ်သမုဒ္ဒရာမှာ အစပြုတဲ့ မုန်တိုင်းတွေဟာ ကမ်းခြေကို ၀င်ရောက်တဲ့အခါမှာ လေပြင်းနဲ့ မိုးတွေကို သယ်ဆောင်လာလေ့ ရှိပါတယ်။
5 years Ago
Up