ထိုင်ဝမ်ကို တိုင်ဖွန်းမုန်တိုင်း ထပ်မံဝင်ရောက်၊ ခရီးစဉ်များရပ်ဆိုင်း

A d v e r t i s e m e n t With Us

September 19, 2016

ထိုင်ဝမ်ကို တိုင်ဖွန်းမုန်တိုင်း ထပ်မံဝင်ရောက်၊ ခရီးစဉ်များရပ်ဆိုင်း (ရုပ်သံ)

ထိုင်ဝမ်မှာ စူပါတိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ပြီး ရက်ပိုင်းအကြာမှာပဲ နောက်ထပ် တိုင်ဖွန်းမုန်တိုင်း မာလာကပ်စ် (Malakas) ဟာ စက်တင်ဘာ ၁၈ ရက်နေ့က ထပ်မံ ၀င်ရောက်တိုက်ခတ်ပြန်ပါတယ်။ ရထားလမ်းတွေပေါ် မြေပြိုမှုတွေဖြစ်လို့ ရထားခရီးစဉ်တွေ ရပ်ဆိုင်းထားပြီး လေကြောင်းခရီးစဉ်တွေလည်း ရပ်နားထားပါတယ်။ မုန်တိုင်းဟာ မြောက်ဘက် ဂျပန်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနေပြီး တရုတ်နိုင်ငံမှာ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ အရင်တပတ်က မာရန်တီမုန်တိုင်း ၀င်ရောက်တိုက်ခတ်ချိန် တရုတ်နိုင်ငံမှာ လူ ၂၈ ဦး သေဆုံးခဲ့ပြီး ထိုင်ဝမ်မှာတော့ ၂ ဦး သေဆုံးခဲ့ပါတယ်။ မာလာကပ်စ်မုန်တိုင်း ထိုင်ဝမ်ကို ဖြတ်သန်းတိုက်ခတ်ချိန်မှာတော့ လေတိုက်နှုန်း ၁ နာရီ မိုင် ၁၀၀ ကျော်နဲ့ တိုက်ခတ်ခဲ့ပြီး အပြင်းဆုံး ၁ နာရီ မိုင် ၁၂၀ ကျော်အထိ တိုက်ခတ်ခဲ့တာပါ။ ဒီမုန်တိုင်းကြောင့် လူထိခိုက်သေဆုံးမှုစာရင်း ထုတ်ပြန်မှု မရှိသေးပါဘူး။
4 years Ago
Up