ထိုင်ဝမ်

September 26, 2018

ထိုင်ဝမ်ကို အမေရိကန် လက်နက်ရောင်းမည့်အစီအစဉ် တရုတ်ကန့်ကွက်

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို လက်နက်ရောင်းမယ့် အမေရိကန်ရဲ့အစီအစဉ်ကို ဘယ်လိုဆင်ခြေပေးပေး လက်မခံနိုင်ဘူးလို့ တရုတ်နိုင်ငံတော်ကောင်စီအဖွဲ့ရဲ့ ထိုင်ဝမ်ရေးရာရုံး ပြောခွင့်ရသူ အန်းဖန်ရှန်းက စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ F-16 တိုက်လေ ယာဉ်တွေနဲ့ အခြားစစ်ဘက်သုံးလေယာဉ် အစိတ်အပိုင်းတွေအတွက် ဒေါ်လာ သန်း ၃၃၀ တန် အပိုပစ္စည်းတွေ ထိုင်ဝမ်ကို ရောင်းချသွားမယ်လို့ အတည်ပြုပြီး နောက်တရက်မှာ တရုတ်က အခုလိုပြောလိုက်တာပါ။ “တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ထိုင်ဝမ်ကြားက တရားဝင်စစ်ဘက်ဆက်ဆံရေးတွေကို ကန့်ကွက်တယ်။ ဒါ့ပြင် ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့်အစီအစဉ်ကိုလည်း ဆန့်ကျင်တယ်။ ရေလက်ကြားဖြတ်ကျော် တည်ငြိမ်အေးချမ်းမှုကို လျော့ပါးစေပြီး ပြည်ပပြည်ပအင်အားတွေကို မှီခိုတဲ့ ဘယ်သူမဆို စိုက်ပျိုးတဲ့ သစ်သီးခါးကို စားသုံးရမယ်” လို့လည်း ဖန်ရှန်းက သူ့ရဲ့ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
3 years Ago

April 14, 2018

တရုတ်နှင့်တင်းမာနေချိန် ထိုင်ဝမ်က စစ်ရေးလေ့ကျင့်၊ သမ္မတကိုယ်တိုင် ကြီးကြပ်

တရုတ်ပြည်မကြီး အစိုးရနဲ့ တင်းမာမှုတိုးနေချိန်မှာ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က ထိုင်ဝမ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၃ ရက်နေ့က ကြီးကြပ်နေပါတယ်။ ဒါဟာ ၂၀၁၆ မှာ သမ္မတ ဖြစ်လာအပြီး ပထမဆုံးကြီးကြပ်မှုလည်း ဖြစ်ပါတယ်။ တရုတ်ရေတပ်က ဧပြီ ၁၈ ရက်နေ့ကစပြီး  ထိုင်ဝမ်ရေလက်ကြားမှာ ပစ်ခတ်မှုပါတဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်မယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ တရုတ်ရဲ့ ကြေညာချက်အပြီး ရက်ပိုင်းအတွင်း ပစ်ခတ်လေ့ကျင့်မှုတွေ မပါတဲ့ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်က စတင်လိုက်တာပါ။ တရုတ်သမ္မတနဲ့ပြိုင်ဖို့ ရည်ရွယ်သလားလို့ သတင်းထောက်က မေးရာမှာ ထိုင်ဝမ် သမ္မတက အခြေအနေကို ပိုပြီး အဓိပ္ပာယ်မဖော်ဖို့ တိုက်တွန်းပါတယ်။ ထိုင်ဝမ်စစ်တပ်ဟာ ပဋိပက္ခတွေအတွက် အချိန်တိုင်း မနားမနေ ပြင်ဆင်နေတယ်၊ ဒီနေ့ ဒီကိုလာတဲ့ အကြောင်းရင်းက စစ်တပ်ရဲ့ ပြင်ဆင်ထားမှုကို စမ်းသပ်ဖို့ပဲ၊ စစ်ဆေးရုံ သက်သက် မဟုတ်ဘဲ စစ်တပ်ရဲ့ အဆင်သင့်ဖြစ်မှုကို ဆက်တိုက် စစ်ဆေးမှုတွေရဲ့ အစပဲ ရှိသေးတယ်လို့ ထိုင်ဝမ် သမ္မတက ပြောပါတယ်။  
3 years Ago
More News
Up