ထိုင်း ကိုယ်လုံးတီး မော်ဒယ်များဖြင့် ပန်းချီဆွဲသင်ပေးသည့် သင်တန်း (ရုပ်သံ)

May 29, 2016

ထိုင်း ကိုယ်လုံးတီး မော်ဒယ်များဖြင့် ပန်းချီဆွဲသင်ပေးသည့် သင်တန်း (ရုပ်သံ)

ထိုင်းနိုင်ငံက နာမည်ကြီး ပန်းချီဆရာတဦးက အလုပ်ရုံဆွေးနွေးပွဲတခု ကျင်းပပြီး ကိုယ်လုံးတီး ပုံတူတွေကို ဘယ်လိုဆွဲမလဲဆိုတာကို ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးပါတယ်။ နတ်ခေါင်ရဂျစီးမား ရာဂျဘတ် တက္ကသိုလ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ ကိုယ်လုံးတီး မော်ဒယ်တွေကို အသုံးပြုပြီး သင်ကြားပေးပါတယ်။ ပန်းချီဆရာ ချူဆစ် ၀ီဂျန်ဂျော်ရာဂျီက ကျောင်းသားတွေ စိတ်ဓာတ်တက်ကြွစေဖို့ အတွက် ကျောင်းသားဘ၀ကတည်းက သူဖန်တီးထားတဲ့ အနုပညာ လက်ရာတွေကိုလည်း ပြသခဲ့ပါတယ်။ ဒါအပြင် အမေရိကန် နယူးယောက်မှာ သူလေ့လာသင်ကြားခဲ့တဲ့ အနုပညာအကြောင်းတွေ ကိုလည်း မျှဝေခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်လုံးတီးအနုပညာဆိုတာ ရှိနေတာကလည်း နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သလို လူ့ခန္ဓာကိုယ်က အလှတရားတွေကို တွေ့မြင်နိုင်တယ်လို့ ပန်းချီဆရာက ပြောပါတယ်။ ရုပ်သံ - ဘန်ကောက်ပို့စ်
6 years Ago
Up