ထိုင်းနိုင်ငံ တူးမြောင်းထဲ လှေစီးခရီးသည်တစ်ဦး ပြုတ်ကျ သေဆုံး

November 10, 2016

ထိုင်းနိုင်ငံ တူးမြောင်းထဲ လှေစီးခရီးသည်တစ်ဦး ပြုတ်ကျ သေဆုံး (ရုပ်သံ)

ထိုင်းနိုင်ငံ ဝက်သနာခရိုင်၊ ကလောင်ဆဲန်ဆဲ့ပ် တူးမြောင်းမှာ လှေပေါ်ကနေ ဆိပ်ခံတံတားပေါ်ကို ခုန်ကူးလိုက်တဲ့ ခရီးသည်တစ်ဦး လှေပေါ်က ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ စူခမ်ဗစ် ၁၅ လမ်းမှာရှိတဲ့ စိန့်ဒေါ်မနစ်ကျောင်း အနောက်ဘက်က နာနာချက် ဆိပ်ခံတံတားပေါ်ကို လှေပေါ်က အမျိုးသားဟာ ခုန်ကူးခဲ့တာလို့ တူးမြောင်းမှာ လှေတွေကို ပြေးဆွဲနေတဲ့ မိသားစုသယ်ယူပို့ဆောင်ရေး ကုမ္ပဏီရဲ့ မန်နေဂျာ ချဝါလစ်ကပြောခဲ့ပါတယ်။ လှေကဆိပ်ခံတံတားကို ကြိုးဖြင့်ဆိုင်းပြီး မကပ်ခင် ဒီလူက ခုန်ကူးခဲ့တာလို့ မန်နေဂျာ ချဝါလစ်က ပြောပါတယ်။ လှေမောင်းသူမှ ဆိပ်ခံတံတားအနီး လှေကိုရပ်ပြီး ၁၀ မိနစ်ကြာအောင် စောင့်ခဲ့ပေမယ့် ရေထဲပြုတ်ကျတဲ့ခရီးသည်ဟာ တူးမြောင်းထဲကနေ ပြန်မပေါ်လာခဲ့ပါဘူးလို့လည်း မစ္စတာ ချဝါလစ်က ပြောပါတယ်။ မနက် ၁၀ နာရီခွဲလောက်မှာ ရေထဲပြုတ်ကျတဲ့ ခရီးသည်ရဲ့အလောင်းကို ဆိပ်ခံတံတားနဲ့ ၁၀၀ မီတာအကွာလောက်မှာ လှေမောင်းသူက တွေ့ခဲ့တယ်လို့ ဘန်ကောက်မြို့တော်ဌာနရဲ့ အမာရင်ရေဒီယိုသတင်းက ကြေညာသွားပါတယ်။ သေဆုံးသူဟာ အသက် ၅၀ နှစ်အရွယ် သီရာဖွန်စီလလစ်ဖြစ်ပြီး ရေထဲပြုတ်ကျစဉ် သူရဲ့ပခုံးနဲ့ လည်ပင်းတွေမှာ ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
6 years Ago
Up