ထိုင်းနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

April 20, 2019

တရားမဝင်ငါးမျှားသည့် မြန်မာ၊ အီတလီနှင့် ထိုင်းနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

အီတလီနိုင်ငံသား ၂ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ မြန်မာနိုင်ငံသား ၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားမ ဝင်ငါးမျှားမှုနဲ့ ဖမ်းဆီးလို့က်တယ်လို့  ဧပြီ ၁၉ ရက်နေ့ The Nation သတင်းမှာဖော်ပြပါတယ်။ ဒီအမျိုးသား ၆ ဦးဟာ Phang Nga ကမ်းလွန်က Mu Koh ဥယျာဉ်မှာ  ငါးမျှားတာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်က ဖမ်းဆီးခံလို့က်ရတာပါ။ အမျိုးသား ဥယျာဉ်အတွင်း ငါးမျှားတာကို တရားမဝင် သတ်မှတ်ထားပြီး ဒီအမျိုးသား ၆ ဦးကို ဥယျာဉ်ဧရိယာထဲမှာရှိတဲ့ Koh Yuyong လို့ခေါ်တဲ့ ကျွန်းစုနံပါတ် ၁ အနီးမှာ လှေတစီးနဲ့ ငါးမျှားနေတယ်ဆိုပြီး တိုင်ကြားတာကြောင့် ဖမ်းဆီးလိုက်တာလို့ အမျိုးသားဥယျာဉ်ရဲက တာဝန်ရှိသူတဦးဖြစ်တဲ့ ရမ်ဆင်း မာနာဂျောင်ဂျာရွန်က ပြောပါတယ်။ သူတို့ဟာ Nikola လို့ခေါ်တဲ့ စပိဘုတ်တစင်းနဲ့ ငါးမျှားနေကြတာဖြစ်ပြီး လှေပေါ်မှာ ၄၆ ဒသမ ၅ ကီလို့ဂရမ်နီးပါးရှိတဲ့ ငါးတွေနဲ့အတူ ငါးမျှားတံနဲ့ အခြား ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ လှေအပါအဝင် ငါးတွေန၊ ငါးမျှားတံတွေရဲ့ တန်ဖိုးစုစုပေါင်းဟာ ထိုင်းဘတ် ၂ သန်းကျော် တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးမိတဲ့ ၆ ဦးမှာ အီတလီနိုင်ငံသား ၂ ဦးက ငါးမျှားသူတွေဖြစ်ပြီး ထိုင်းအမျိုးသားသုံးဦးမှာ စပိဘုတ်ကပ္ပတိန်နဲ့ ငါးမျှားလုပ်ငန်း စီစဉ်ပေးတွေဖြစ်ကာ မြန်မာနိုင်ငံသားကတော့ လှေဝန်ထမ်းဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ ၆ ဦးကို Phang Nga မှာရှိတဲ့ Kura Buri ရဲစခန်းကို ခေါ်ဆောင်သွားပြီး စစ်ဆေးနေ တယ်လို့လည်း သိရပါတယ်။
2 years Ago
Up