ထိုင်းနိုင်ငံမှ ဘတ်ငွေ ၄ သိန်းခန့်တန်ဖိုးရှိ မျောက်အစာကျွေးပွဲတော်

November 30, 2015

ထိုင်းနိုင်ငံမှ ဘတ်ငွေ ၄ သိန်းခန့်တန်ဖိုးရှိ မျောက်အစာကျွေးပွဲတော် (ရုပ်သံ)

ထိုင်းနိုင်ငံအလယ်ပိုင်း လော့ဘူရီပြည်နယ်မှာ မျောက်အစာကျွေးပွဲတော်ကို နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဘတ်ငွေ ၄ သိန်းလောက်တန်တဲ့ အသီးအနှံမျိုးစုံ ၂ တန်လောက် မျောက်တွေကို ကျွေးမွေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဒီပွဲတော်ကို နှစ်စဉ် ပြုလုပ်တာဖြစ်ပြီး ကြယ်ငါးပွင့်ဟိုတယ်ပိုင်ရှင် ယောင်ယွတ် ကီဝပ်တန်နာနူဆွန်းက အကုန်အကျခံ စီစဉ်တာ ဖြစ်ပါတယ်။ ဒီပွဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်ကြပါတယ်။ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲတော်ကို ၁၉၈၉ ခုနှစ်ကတည်းက စတင်ပြုလုပ်လာတာ ဖြစ်ပါတယ်။
6 years Ago
Up