ထိုင်း၊ အမေရိကန်နှင့် တောင်ကိုရီးယား ကမ်းတက်တပ်ဖွဲ့များ စစ်ရေးလေ့ကျင့်

February 17, 2017

ထိုင်း၊ အမေရိကန်နှင့် တောင်ကိုရီးယား ကမ်းတက်တပ်ဖွဲ့များ စစ်ရေးလေ့ကျင့် (ရုပ်သံ)

ထိုင်း၊ အမေရိကန်နဲ့ တောင်ကိုရီးယား ကမ်းတက်တပ်ဖွဲ့တွေရဲ့ ၃၆ ကြိမ်မြောက် ကော့ဘရာဂိုးလ် (Cobra Gold) စစ်ရေးလေ့ကျင့်မှုအတွက် ဖေဖော်ဝါရီ ၁၆ ရက်နေ့က လေ့ကျင့်နေကြပါတယ်။ ထိုင်းရေတပ်စခန်းမှာ ကုန်းနဲ့ ရေ ၂ မျိုးသွား စစ်ဆင်ရေး သရုပ်ပြကြပါတယ်။ ကော့ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ကျင်းပပြီး အမေရိကန်က စစ်သား အယောက် ၃၆၀၀ ကျော် အပါအဝင် နိုင်ငံ ၂၉ ခုက စစ်သားတွေ ပါဝင်ဆင်နွှဲပါတယ်။ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံတွေက စစ်ဘက်အရာရှိတွေကြား ဆက်ဆံရေးအားဖြည့်ဖို့ ရည်မှန်း လေ့ကျင့်တာပါ။ ဒါ့အပြင် နည်းဗျူဟာနဲ့ ကျွမ်းကျင်မှုတွေ ဖလှယ်ဖို့ တိုက်ခိုက်ရေးအရာရှိတွေအတွက် အခွင့်အလမ်းတွေ ကမ်းလှမ်းပေးထားပါတယ်။ ပါဝင်လေ့ကျင့်တဲ့ အမေရိကန် ကမ်းတက်တပ်ဖွဲ့ဝင်တယောက်ကတော့ ထိုင်းနိုင်ငံရဲ့ လေထုစိုထိုင်းဆများတဲ့ ရာသီဥတုကြောင့် သူ့အတွက် အစောပိုင်းမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုအပြီး စစ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ လတ်တလောနှစ်တွေမှာ အမေရိကန်က ဒီလေ့ကျင့်မှုမှာ ပါဝင်မှုကို အဆင့်လျော့ချခဲ့ပါတယ်။ ထိုင်းနိုင်ငံက တရုတ်ဘက်ကို ပိုကြည့်လာခဲ့အပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးမတက်ခင်မှာတင် ထိုင်းနဲ့ အမေရိကန် ဆက်ဆံရေး ပြန်စပြီး တိုးတက်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ပင်တဂွန်စစ်ဌာနချုပ်က မူဝါဒ အမေရိကန်နဲ့ ထိုင်း စစ်ဘက်ထိတွေ့မှု အားဖြည့်ရေး နည်းလမ်းအဖြစ် ကော့ဘရာဂိုး စစ်ရေးလေ့ကျင့်မှုကို သုံးရတာ ကျေနပ်နေပုံရတယ်လို့ ဂျွန်ဆစ်ဖွန်က ဝါရှင်တန်ပို့စ် သတင်းစာ ထင်မြင်ချက်ကဏ္ဍမှာ ရေးခဲ့ပါတယ်။
4 years Ago
Up