ထိုင်းလေဒီဘွိုင်း

A d v e r t i s e m e n t With Us

May 17, 2016

ထိုင်းနာမည်ကျော် လေဒီဘွိုင်း လိင်အင်္ဂါ ဖြတ်တောက်ခဲ့ပြီးနောက် ကွယ်လွန်

အွန်လိုင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ “ဆက်ဆီပန်ကိတ်” အမည်နဲ့ နာမည်ကျော်ကြားတဲ့ ထိုင်းနိုင်ငံမှ လေဒီဘွိုင်းတဦးဟာ ကင်ဆာရောဂါကာကွယ်ဖို့ လိင်အင်္ဂါကို ဖြတ်တောက် ခွဲစိတ်ခဲ့ပြီးနောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မေရာသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ သူဟာ အသက် ၂၇ နှစ်အရွယ်သာ ရှိသေးပြီး အမည်ရင်း နီဝပ်ဆမ်မော်ဖြစ်ကာ ကင်ဆာရောဂါအဆင့်-၃ အခြေအနေ ရောက်နေတဲ့အတွက် အခုလအစောပိုင်းက ခွဲစိတ်မှု လုပ်ခဲ့တာပါ။ သုံးနှစ်တာအတွင်း သူဟာ ကပြသရုပ်ဖော်မှုတွေလုပ်တဲ့ အချိန်မှာ လိင်အင်္ဂါကို မပေါ်လွင်စေဘဲ အမျိုးသမီးတဦးနဲ့တူအောင် နေ့စဉ် တိပ်တွေနဲ့ ချည်နှောင်ထားခဲ့ရတာကြောင့် ရောဂါစတင်ဖြစ်ခဲ့ရတာလို့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေက ဆိုပါတယ်။ တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတဲ့ လိင်အင်္ဂါတလျှောက် သွေးလည်ပတ်စီးဆင်းမှု ပုံစံတွေထဲမှာ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့ ဆဲလ်တွေဟာ ပျံ့နှံ့ကြီးထွားနေခဲ့တာလို့ ပညာရှင်တွေက ပြောပါတယ်။ ဆက်ဆီပန်ကိတ်ဟာ ခွန်ကရန်ဆေးရုံမှာ ဆေးကုသခံခဲ့ပြီးနောက်မှာ အွန်လိုင်းမှတဆင့် ဆေးကုသမှု စရိတ်အတွက် မေတ္တာရပ်ခံခဲ့တာပါ။ သူဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အစ်ဆန်းဒေသမှဖြစ်ကာ ထိုင်းနိုင်ငံတွင်းနဲ့ ကမ္ဘာတလွှားက ထောင်သောင်းနဲ့ချီတဲ့ သူ့ရဲ့ပရိသတ်တွေဟာ ခုလို သေဆုံးခဲ့ရတဲ့အတွက် စိတ်မကောင်း ဖြစ်ခဲ့ကြပါတယ်။ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပရိသတ် ၅ သိန်းနီးပါး ရှိနေတာဖြစ်ပြီး သူ့ရဲ့ဓာတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင်တွေကို ကြိုက်နှစ်သက်သူ သောင်းနဲ့ချီ ရှိနေခဲ့တာပါ။
5 years Ago
Up