ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ၀ိုရာဝီ မာကူဒီကို အရေးယူတဲ့အနေနဲ့ ဘောလုံးလောကနဲ့ ၃ လ မပတ်သက်ဖို့ တားမြစ်လိုက်ပါတယ်။
ဖီဖာရဲ့ အုပ်ချုပ်မှုအဖွဲ့က သဘောတူညီချက် စည်းကမ်းတွေကို ဖောက်ဖျက်ကြောင်း တွေ့ရှိတဲ့အတွက် အရေးယူတာ ဖြစ်ပါတယ်။
ထိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း မာကူဒီဟာ ဖီဖာရဲ့ အမှုဆောင်ကော်မတီဝင်တဦး ဖြစ်ခဲ့ဖူးပါတယ်။
ဖီဖာက သူ့ကို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာမှုနဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ စွပ်စွဲခံခဲ့ရအပြီး အရေးယူလိုက်တာပါ။
အသက် ၆၄ နှစ်အရွယ် မာကူဒီဟာ ၃ လ ပြစ်ဒဏ်အပြင် ဒဏ်ငွေအနေနဲ့ ပေါင် ၂၀၀၀ ကျော် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေအတွက် အိမ်ရှင်အဖြစ် ရွေးချယ်ခဲ့ရာမှာ မသာမာမှုတွေ ရှိတယ်လို့ စွပ်စွဲခံထားရပြီး အဲဒီအချိန်တုန်းက မာကူဒီဟာ ဖီဖာအမှုဆောင် ကော်မတီဝင် တဦးအနေနဲ့ ကိုယ်တိုင် မဲပေးခဲ့ရသူ ဖြစ်ပါတယ်။
5 years Ago