ထိုင်းတောဝက်ဘောလုံးအသင်း

October 9, 2018

ထိုင်း တောဝက်အသင်းနှင့် အာဂျင်တီးနားလူငယ်အသင်း ၃ ဂိုးစီ သရေကျ (ရုပ်သံ)

ထိုင်း တောဝက်အသင်း လူငယ်ဘောလုံးသမားတွေဟာ အောက်တိုဘာလ ၇ ရက်နေ့က အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ်ရှိ နာမည်ကျော် ရစ်ဗာပလိပ်  ကစားကွင်းမှာ အာဂျင်တီးနားလူငယ် ဘောလုံးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး တဖက် ၃ ဂိုးစီ သရေကျသွားပါတယ်။ ထိုင်း တောဝက်အသင်း လူငယ်ဘောလုံးသမားတွေ ကွင်းထဲ ၀င်ချိန်မှာပဲ ပြိုင်ဘက်ကစားသမားတွေက ချီးကျူးသြဘာပေးခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲမှာ ထိုင်းလူငယ်ဘောလုံးသမားတွေဟာ  အာဂျင်တီးနား ချန်ပီယံ လိုဂိုပါတဲ့ ခရမ်းရောင် ဂျာဆီတွေ ၀တ်ပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ အဆိုပါ ဘောလုံးပြိုင်ပွဲမှာ တဖက် ၃ ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ ထိုင်းလူငယ် တောဝက်အသင်းဟာ အခု ကျင်းပနေတဲ့ လူငယ် အိုလံပစ်ပြိုင်ပွဲကို ဂုဏ်ပြုခံ ဧည့်သည်အနေနဲ့ တက်ရောက်လာတာလည်း ဖြစ်ပါတယ်။ လူငယ် ဘောလုံးသမားတွေဟာ လာမယ့် အာဂျင်တီးနားကနေ ဒီနေ့ ပြန်လာမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up