ထိုင်းအသင်းကို

A d v e r t i s e m e n t With Us

August 25, 2017

ထိုင်းအသင်းကို အနိုင်ကစားမည်ဟု မြန်မာတိုက်စစ်မှူးပြော

ထိုင်းအသင်းကို ရင်ဆိုင်ဖို့ အင်အားအပြည့်ရှိနေပြီး အနိုင်ကစားသွားမယ်လို့ မြန်မာတိုက်စစ်မှူး အောင်ကောင်းမာန်က ပြောကြားလိုက်ပါတယ်။ မြန်မာလက်ရွေးစင် ယူ၂၂ အသင်းနဲ့ ထိုင်းလက်ရွေးစင် ယူ၂၂ အသင်းတို့ သြဂုတ် ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂း၃၀ နာရီ ဆလာရန်းကွင်းမှာ ယှဉ်ပြိုင်ကစားရမှာပါ။ ၂၉ ကြိမ်မြောက် ဆီးဂိမ်းစ်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အား ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ဒီနေ့မနက်ပိုင်းက ဟီလ်တန်ဟိုတယ်မှာ ကျင်းပခဲ့တယ်လို့ မြန်မာဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီက “ကျနော်တို့ အသင်းအနေနဲ့ နားရက်အပြည့်အ၀ ရရှိထားပြီး အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။ ထိုင်းအသင်းကတော့ အသင်းကောင်း တသင်း ဆိုတာ ပြောစရာမလိုပါဘူး။ နှစ်သင်းစလုံးအတွက် ခက်ခဲတဲ့ ပွဲစဉ်တပွဲ ဖြစ်လာမှာပါ။ ကျနော်တို့ ဆီမီးဖိုင်နယ်နဲ့ဖိုင်နယ်အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှုရော စွမ်းဆောင်ရည်ပါ အပြည့်အ၀ ရှိနေတဲ့အတွက် ပြိုင်ဘက်ကို အကောင်းဆုံး ရင်ဆိုင်သွားမှာပါ။ ဗိုလ်လုပွဲမှာတော့ အိမ်ရှင် မလေးရှားကို ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ မလေးရှားအသင်းက တကယ်ကောင်းတဲ့ အသင်းတစ်သင်းလည်း ဖြစ်သလို ပရိသတ်အားပေးမှုကလည်း အပြည့်အ၀ရှိနေပါတယ်" လို့ ပြောပါတယ်။ တိုက်စစ်မှူး အောင်ကောင်းမာန်က "ထိုင်းက အာဆီယံမှာ နာမည်ကြီး အသင်းတသင်းပါ။ ဒီအသင်းကို ရင်ဆိုင်ဖို့ ကျနော်တို့မှာ အင်အားအပြည့်ရှိနေပါတယ်။ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ဖို့ ယုံကြည်ချက် အပြည့်အ၀ ရှိပါတယ်။ နိုင်ငံနဲ့ ပရိသတ်အတွက် ဆီမီးဖိုင်နယ်ကိုရော ဖိုင်နယ်ကိုရော အနိုင်ကစားသွားမှာပါ" လို့ ပြောပါတယ်။ အလားတူ အိမ်ရှင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလည်း သြဂုတ် ၂၆ ရက်နေ့ည ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
4 years Ago

December 3, 2016

ထိုင်းအသင်းကို အနိုင်ယူသွားမည်ဟု မြန်မာနည်းပြ ပြော

မြန်မာနဲ့ထိုင်းအသင်းတို့ရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၃ ရက်က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနည်းပြဂတ်က ထိုင်းကစားသမားတွေကို ချီးကျူးပြော ကြားခဲ့ပြီး အရှေ့တောင်အာရှရဲ့ အတောင့်တင်းဆုံးအသင်းဖြစ် တယ်လို့ ပြောပါတယ်။ မြန်မာအသင်းအနေနဲ့ ထိုင်အသင်းယှဉ်ရင် တဦးချင်း ခြေစွမ်းကွာဟချက်ရှိပေမယ့် အသင်းလိုက် ကစားပုံနဲ့စိတ်ဓာတ်ပိုင်းမှာတော့ ထိုင်းအသင်းထက်ပိုကောင်းတဲ့အတွက် ဒီအချက်ကိုအသုံးချပြီး ထိုင်းအသင်းကို အနိုင်ယူသွားမယ်လို့ ပြောပါတယ်။ ထိုင်းအသင်းနည်းပြ ကိုင်တီဆက်ကတော့ မြန်မာအသင်းဟာ အရင်ကထက် ပိုကောင်းလာတဲ့အတွက် ခက်ခက်ခဲခဲ ကစားရမှာဖြစ်ပြီး ပွဲကောင်းတပွဲဖြစ်လာလိမ့်မယ်လို့ဆိုပါ တယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ အာဆီယံဖလားပြိုင်ပွဲမှာ သမိုင်းမှာ ၆ ကြိမ်တွေ့ဆုံခဲ့ဖူးပြီး မြန်မာအသင်းက အမြင့်ဆုံးသရေ ရလဒ်ပဲရယူနိုင်ခဲ့တာပါ။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၁၉၈၃ ခုနှစ် စင်ကာပူဆီးဂိမ်းမှာ ထိုင်းကိုအနိုင်ရပြီး နောက်ပိုင်း လက်ရှိ အချိန်အထိ နိုင်ပွဲမရသေးကြောင့် ထိုင်းအသင်းကို အနိုင်မရတာဟာ ၃၃ နှစ်နီးပါး ကြာမြင့်နေပြီဖြစ်ပါတယ်။ မြန်မာနဲ့ ထိုင်းအသင်းတို့ရဲ့ အာဆီယံဆူဇူကီးဖလား အကြိုဗိုလ် လုပွဲပထမအကျော့ကို ဒီဇင်ဘာ ၄ ရက် ညနေ၆နာရီမှာ ယှဉ်ပြိုင် က စားကြမှာဖြစ်ပါတယ်။ သတင်း၊ဓာတ်ပုံ - လွှမ်းမိုးအောင်
4 years Ago
Up