ထိုင်းအသင်း

A d v e r t i s e m e n t With Us

September 17, 2015

၂၀၁၆ အိုလံပစ် အမျိုးသမီးဘောလုံး ခြေစစ်ပွဲ မြန်မာအသင်း ထိုင်းကိုရှုံး

၂ဝ၁၆ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲမှာ ထိုင်းအသင်းက မြန်မာကို ၂ ဂိုး၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ထိုင်းအသင်းအတွက် ဂိုးတွေကို ကျောနံပါတ် ၁၇ အေ မိုင်ဂျာရန် (A.Maijarern) က ၃၄ မိနစ် ၆၉ မိနစ်တွေမှာ ဂိုးသွင်းခဲ့ပြီး မြန်မာအသင်းက စန်းစန်းမော်က ၇၃ မိနစ်မှာ ချေပဂိုး ၁ ဂိုး သွင်းပေးခဲ့ပါတယ်။ မြန်မာအသင်းဟာ ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ မှတ်၊ ထိုင်းအသင်းက ၁ ပွဲကစား ၁ ပွဲနိုင် ၃ မှတ် ရထားပါတယ်။ ဒီခြေစစ်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် မန္တလေးမြို့မှာ လက်ခံကျင်းပနေတာဖြစ်ပြီး မြန်မာအသင်းဟာ  ၁၈ ရက်နေ့မှာ ဗီယက်နမ်အသင်း၊ ၂၂ ရက်နေ့မှာ တရုတ်တိုင်ပေအသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up