ထိုင်းအလှမယ်ပြိုင်ပွဲ

July 7, 2017

ဒူးရင်းသီးဝတ်စုံ အပါအဝင် ဆန်းသစ်တီထွင်မှုများဖြင့် ထိုင်းအလှမယ်ပြိုင်ပွဲ (ရုပ်သံ)

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး အလှမယ်ပြိုင်ပွဲတပွဲဖြစ်တဲ့ Miss Grand Thailand အလှမယ်ပြိုင်ပွဲမှာ ရှေးရိုးရာပုံစံတွေကနေ ကွဲထွက်လာတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ အလှတရားတွေကို တွေ့မြင်ကြရပါလိမ့်မယ်။ ဒီပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ထိုင်းနိုင်ငံမှာ စတင်ကျင်းပလာခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း အလှမယ်စုစုပေါင်း ၇၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဘန်ကောက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနဲ့ ခင်းကျင်းပြသရေးစင်တာမှာ ဇူလိုင် ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာ ထိုင်းအလှမယ်တွေရဲ့ အလှတရားနဲ့ ဒီဇိုင်နာတွေရဲ့ ပေါင်းစပ် ဖန်တီးမှုတွေကို တွေ့မြင်နိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ ရွေးချယ်ခံရတဲ့ အလှမယ်ဟာ လာမယ့် အောက်တိုဘာလ ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် Miss Grand International ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ ရိုးရာဖန်တီးမှုတွေနဲ့အတူ ထိုင်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကိုပါ ဒီဖန်တီးမှုတွေထဲမှာ တွေ့နိုင်ပါတယ်။ ထူးခြားတဲ့ဝတ်စုံတွေကို သတိထားမိစရာ ကောင်းလောက်အောင် ဖန်တီး တီထွင်ထားနိုင်တာ တွေ့ရမှာပါ။ ချန်သဘူရီခရိုင်မှ ပြိုင်ပွဲဝင် အလှမယ်ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ထွက်ကုန်ဖြစ်တဲ့ ဒူးရင်းသီးနဲ့ ဖန်တီးထားတဲ့ ဝတ်စုံကို ဝတ်ဆင်ထားခဲ့တာပါ။ ဘူရန်ခန်ခရိုင် အလှမယ်ရဲ့ ဝတ်စုံကလည်း ထူးခြားတဲ့ နဂါးမလေးအသွင်နဲ့ တွေ့မြင်ရမှာပါ။ ရယောင်ခရိုင်မှ လှပျိုဖြူရဲ့ ထူးဆန်းတဲ့ မြင်းနဂါးဝတ်စုံဟာလည်း ထူးခြားတဲ့ အသွင်တမျိုးနဲ့ အမြင်ဆန်းနေခဲ့ပါတယ်။
5 years Ago
Up