ထိုင်းအမျိုးသမီးတဦးနှင့် လူမြင်ကွင်း မတော်တရော်ပြုမူသည့် အမေရိကန်ကို တရားစွဲ

April 19, 2016

ထိုင်းအမျိုးသမီးတဦးနှင့် လူမြင်ကွင်း မတော်တရော်ပြုမူသည့် အမေရိကန်ကို တရားစွဲ

သင်္ကြန်တွင်း ထိုင်းနိုင်ငံ ပတ္ထရားက အရက်ဘားမှာ ထိုင်းအမျိုးသမီးတဦးနဲ့ လိင်ဆက်ဆံတဲ့ ပုံစံလုပ်တဲ့ အမေရိကန်နိုင်ငံသားတဦးကို လူအများရှေ့မှာ မတော်တရော်လုပ်ဆောင်မှုနဲ့ ထိုင်းတာဝန်ရှိသူတွေက တရားစွဲလိုက်ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားတဲ့အချိန်မှာ အမျိုးသားရော၊ အမျိုးသမီး ၂ ဦးစလုံး မူးယစ်နေသလို ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်လည်း လူမူရေးကွန်ရက် မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီရုပ်သံဖိုင်ကို ပြန်လည် ဖယ်ရှားခဲ့ပါတယ်။ ရုပ်သံဖိုင်မှာ အသက် ၄၉ နှစ် ဘန်ဘာတန်ရီက ဘစ်ကနီဝတ်အမျိုးသမီးကို မတော်တရော်လုပ်ဆောင်နေသလို လူတွေက ရေနဲ့ ပက်မောင်းထုတ်ပေမယ့်လည်း ထွက်ပြေးခဲ့ခြင်း မရှိပါဘူး။ နောက်ပိုင်းမှာ ဘာတန်ရီက ဒီဖြစ်ရပ်ကို ၀န်ခံခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။ အမျိုးသမီးကတော့ ဒီဖြစ်ရပ်ကို မမှတ်မိသလို ဟန့်တားဖို့ အရမ်းကို မူးနေတယ်လို့ ဆိုပါတယ်။
6 years Ago
Up