ထိုင်းအဘွားအို

April 26, 2019

ထိုင်းအဘွားအို နေအိမ်အတွင်းမှ အရှည် ၅ မီတာရှိ ဧရာမ မြွေဟောက်ကြီး (ရုပ်သံ)

ထိုင်းနိုင်ငံတောင်ပိုင်း၊ ထရန်ခရိုင်ထဲက အဘွားအိုတဦးရဲ့ နေအိမ်တအိမ်ထဲမှာ အရှည် ၅ မီတာရှိတဲ့ ဧရာမ မြွေဟောက်ကြီးတကောင်ကို ဖမ်းမိခဲ့တယ်လို့ သည်ထိုင်းဂါးသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ အသက် ၇၄ နှစ်အရွယ် အမ်ဖွန်ဆီရိဆွန်ဘက်အမည်ရတဲ့ အဘွားအိုဟာ သူ့ရဲ့ အိမ်တွင်းမှာ မြွေဟောက်ကြီးအား တွေ့ခဲ့လို့ သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချ ရေးဌာနကို ဆက်သွယ်အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။ မြွေဟောက်ဖမ်းဆီးရေးအဖွဲ့တွေ အိမ်ကိုရောက်လာချိန်မှာတော့ မလှုပ်ရှားနိင်ဘဲ ရှိနေတဲ့ အလေးချိန် ၁၀ ကီလိုဂရမ်လောက်ရှိတဲ့ မြွေဟောက်ကြီးကို အချိန်တိုအတွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာပါ။ အဲဒီနောက်မှာတော့ အဆိုပါ မြွေဟောက်ကို ဌာနက တောတွင်း ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မြွေဟောက်ကြီးကို ဖမ်းဆီးမိခဲ့ပြီးနောက် လူ ၅ ယောက်လောက်က ကိုင်ထားခဲ့ကြတာကို တွေ့ကြရမှာပါ။ မြွေဟောက်မျိုးစိတ်တွေဟာ အဆိပ်ပြင်းတဲ့ မြွေအမျိုးအစားထဲမှာပါဝင်ပြီး IUCN ရဲ့ မျိုးတုံးပျောက်ကွယ်နိုင်ခြေရှိတဲ့ ရှားပါးမျိုးစိတ်ဝင် တွားသွားသတ္တ၀ါအမျိုးအစားထဲမှာ ပါဝင်နေပါတယ်။
2 years Ago
Up