ထိုင်းအစိုးရ ပြသ

February 3, 2017

ဖမ်းဆီးမိ သင်းခွေချပ်ခွံ ၃ တန်ခန့်ကို ထိုင်းအစိုးရ ပြသ

ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ သင်းခွေချပ်ခွံ တန်ချိန် ၃ တန်နီးပါးကို ဖေဖော်ဝါရီ ၂ ရက်က ထိုင်းအာဏာပိုင်တွေက မီဒီယာတွေကို ပြသခဲ့ပါတယ်။ ထိုင်းနိုင်ငံကတဆင့် လာအိုနိုင်ငံကို မှောင်ခိုတင်ပို့မယ့် သင်းခွေချပ်ခွံတွေဖြစ်ပြီး ၂ လအတွင်း ဖမ်းဆီးရမိတဲ့ပစ္စည်းတွေဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောဆိုပါတယ်။ အမေရိကန်ဒေါ်လာ ၈ သိန်းကျော်ဖိုး တန်ကြေးရှိပြီး ကွန်ဂိုနိုင်ငံက တင်ပို့လာတာလို့ ထိုင်းအကောက်ခွန်ဌာန အရာရှိချုပ်ကပြောဆိုပါတယ်။ တူရကီနိုင်ငံကတဆင့် တင်သွင်းခွင့်လိုင်စင်အတုတွေနဲ့ တင်သွင်းလာတာဖြစ်ပြီး သုဝဏ္ဏဘူမိလေဆိပ်မှာ သိမ်းဆည်း ရမိခဲ့တာလို့လည်း ပြောဆိုပါတယ်။ ဒီသင်းခွေချပ်ခွံ ၃ တန်နီးပါးအတွက် သင်းခွေချပ်အကောင်ရေ ၆ ထောင် လောက် သတ်ဖြတ်ခံရတာလို့လည်း ထိုင်းအကောင်ခွန်အရာရှိချုပ်က ပြောဆိုပါတယ်။ ဒီသင်းခွေချပ်တွေဟာ အလွန်အကျွံ သတ်ဖြတ်မှောင်ခိုကုန်ကူးခံရနိုင်ချေရှိလို့ သဘာဝ တောရိုင်းတိရစ္ဆာန် စောင့်ကြည့်ရေးအဖွဲ့တွေက နှစ်ပေါင်း ၄၀ ကျော်ကြာ အနီးကပ် စောင့်ကြည့်ခံရတဲ့ တောရိုင်းတိရစ္ဆာန် အမျိုးအစားထဲ ပါဝင်ခဲ့တာပါ။ အခုတော့ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ စာရင်းထဲ ထည့်သွင်းလိုက်ပြီဖြစ်လို့ နိုင်ငံတကာ ကုန်သွယ်ခွင့် တားမြစ်ကုန်အဖြစ် သတ်မှတ်ထားပါတယ်။
4 years Ago
Up