အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းက ထိုင်းကို အလည်အပတ်သွားရင် ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ ဒုဥက္ကဋ္ဌ အီရာဝတ် ဆီရိဝက်ဟန်နာပရာဟာက သတိပေးလိုက်ပါတယ်။
အရင်နှစ်က လက်စတာ အသင်းသားတွေ ဖြစ်တဲ့ တွမ်ဟော့ပါ၊ အဒမ်စမစ်နဲ့ ဂျိမ်းပီယာဆန်တို့ဟာ ထိုင်းကို အလည်အပတ်သွားရာမှာ ဆိုးဝါးတဲ့အပြုအမှုကြောင့် အသင်းက ထုတ်ပယ်ခဲ့ပါတယ်။
ဟိုတယ်အခန်းတခုထဲမှာ အမျိုးသမီးတဦးကို သူတို့ ၃ ဦးက မတော်မတရား လုပ်ဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကလပ်အသင်းက စုံစမ်းခဲ့ပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ဒုဥက္ကဋ္ဌ အီရာဝတ်က လက်စတာအသင်းပိုင်ရှင် ဗီချိုင်းရဲ့သားဖြစ်ပြီး ပရီးမီးယားလိဂ် ဖလားရပြီးတဲ့နောက် ထိုင်းကို သွားရောက်လည်ပတ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
သူတို့တွေကို ထိုင်းတွေ မြင်စေချင်သလို ထိုင်းပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ကစားသမားတွေက ပြောချင်တယ်လို့ အီရာဝတ်က ပြောပါတယ်။
သားဖြစ်သူ ဂျိမ်းပီယာဆန်ကို ထုတ်ခဲ့ပြီး ၂ ပတ်အကြာ ပိုင်ရှင်တွေနဲ့ ဆက်ဆံရေး ဆိုးဝါးလာတဲ့အတွက် လက်စတာအသင်းနည်းပြ ဟောင်းနစ်ဂျယ် ပီယာဆန်ကိုလည်း ထုတ်ပယ်ခဲ့ပါတယ်။
5 years Ago