လက်ဖက်ခြောက်ထုတ်တွေထဲ ဝှက်ပြီးထည့်ထားတဲ့ မြန်မာနိုင်ငံလုပ် စိတ်ကြွဆေးပြား ၁၀ သန်းနဲ့ အကြည်ရောင် တန်ဝက်ကို ဘန်ကောက်လာတဲ့ ယာဉ်တန်းထဲကနေ ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မေ ၁၁ ရက်နေ့က ပြောပါတယ်။
ဒေသတွင်းဈေးကွက်မှာ ဒေါ်လာ ၄၅ သန်းလောက်တန်တဲ့ ဒီမူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယမှ ဘန်ကောက်ကနေ တောင်ဘက် မလေးရှားနိုင်ငံအထိ လမ်းကြောင်းတလျှောက် သယ်ဆောင်လာတာပါ။
မက်သာဖက်တမင်းဆေးတွေ အဓိက သိုလှောင်ထားတဲ့နေရာလို့ဆိုတဲ့ အယုဒ္ဓယကနေ လာတဲ့ ကား ၄ စီးနောက်ကို ရဲတွေက နောက်ယောင်ခံလိုက်ခဲ့ကြတာပါ။
ယာဉ်တန်းဟာ မေ ၁၀ ရက်နေ့ နှောင်းပိုင်းမှာ ဖမ်းဆီးမိတာဖြစ်ပြီး တရုတ်တံဆိပ်ကပ် လက်ဖက်ခြောက်ထုပ်တွေထဲ ဖုံးဝှက်ထားတာလို့ ရဲက ပြောပါတယ်။
ဆေးဝါးတွေကို အခကြေးငွေယူပြီး သယ်လာသူ ထိုင်း ၆ ယောက်ကို ဖမ်းထားလိုက်ပြီ လို့ အမျိုးသားရဲချုပ် ဗိုလ်ချုပ်ကြီး ချက်တစ် ချိုင်ကျင်ဒါက သတင်းထောက်တွေကို ပြောပါတယ်။
ဒီမူးယစ်ဆေးတွေဟာ နိုင်ငံခြားတိုင်းပြည်တွေအတွက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထိုင်းဘာသာနဲ့ အရူးဆေး လို့ ခေါ်တဲ့ ယာဘ ဆေးပြားတွေကို ပါတီပွဲတွေကနေ ခုဆို လယ်သမား၊ ကုန်ကားမောင်းသူတွေအထိပါ သုံးစွဲနေတာပါ။
စိတ်ကြွဆေးပြားတွေဟာ မြန်မာနိုင်ငံဘက်ကနေ အလွန်အကျွံ ဝင်ရောက်လာနေပြီး ယာဘဆေးထိုးပိုက် တခုစာကို ဘတ် ၁၀၀ လောက် ပေးရတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံထဲမှာ ဆေး ၁ ကီလိုကို ဘတ် ၃ သောင်း ဝန်းကျင်လောက်အထိ ဈေးပေါက်နေပြီး မြန်မာဘက်က ဆေးရောင်းချသူဆီကနေ ခရီးဝေးရင် ဝေးသလို ဈေးကြီးပေးရပါတယ်။
3 years Ago