ထိုင်းရဲတပ်ဖွဲ့ ရှာဖွေ

September 30, 2017

ဝန်ကြီးချုပ်ဟောင်း ယင်လပ် နေအိမ်ကို ထိုင်းရဲတပ်ဖွဲ့ ရှာဖွေ

ထိုင်းရဲတပ်ဖွဲ့ဟာ ရှာဖွေရေး ၀ရမ်းနဲ့အတူ စက်တင်ဘာ ၂၈  ရက်နေ့က မြို့တော် ဘန်ကောက် အရှေ့ပိုင်းရှိ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာရဲ့ နေအိမ်ကို ရှာ ဖွေခဲ့ကြပါတယ်။ ထိုင်းမှုခင်းတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် ၁ ဒါဇင်လောက်ဟာ ၀န်ကြီးချုပ်ဟောင်းရဲ့ နေအိမ်အတွင်း မ၀င်ရောက်ခင် မစ္စယင်လပ်ရဲ့ ရှေ့နေတဦးနဲ့ ဘော်ဒီဂတ်တွေကို တွေ့ဆုံခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မစ္စယင်လပ် ထွက်ပြေးရာမှာ ကူညီပေးတယ်လို့ သံသယရှိသူတွေကို  ဖမ်းဆီးထားတာကြောင့် အဲဒီအတွက် သက်သေအထောက်အထားရှာဖို့ လာရောက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက “ကျနော်တို့က အမှုနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေ လာရှာတာပါ။ ဒီအန်အေတွေ မဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ အထောက်အထားတိုင်းကို လာရှာတာပါ” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး “မစ္စယင်လပ် လွတ်မြောက်ဖို့ ကူညီတယ်ဆိုတာ ပြစ်မှုထင်ရှားရင် ပုဒ်မ ၁၅၇ အရ ဆက်လုပ်သွားမှာပါ။ တရားခံထွက်ဆိုချက်တင် မကဘူး၊ မှုခင်း သက်သေအထောက်အထားလည်း လိုအပ်ပါတယ်။ အဲဒီကြံရာပါတွေဟာ ထောင် ၁၀  နှစ်အထိ ကျနိုင်ပါတယ်။ ဒီအတွက် အထောက်အထား လိုအပ်ပါတယ်” လို့ ပြောပါတယ်။ ထိုင်းတရားရုံးချုပ်ဟာ စက်တင်ဘာ ၂၇ ရက်နေ့ ၀န်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာကို တာဝန်ပေါ့လျှော့မှုနဲ့ မျက်ကွယ်မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။
4 years Ago
Up