ထိုင်းယူ-၁၆

August 10, 2018

ထိုင်းကို ၁ ဂိုး ဂိုးမရှိဖြင့်ရှုံးပြီး မြန်မာယူ-၁၆ ဗိုလ်လုပွဲနှင့်လွဲချော် (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာနဲ့ ထိုင်းတို့ မနေ့ညနေက ယှဉ်ပြိုင်ရာ ထိုင်းက ၁ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ မြန်မာအသင်းက ထိုင်းကို အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် ရတဲ့အခွင့်အရေးတွေကို အပိုင်အသုံးမချနိုင်ဘဲ ဗိုလ်လုပွဲတက်လှမ်းနိုင်တဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့တာပါ။ ထိုင်းအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ဒုတိယပိုင်းမှာ သွင်းယူသွားပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် အင်ဒိုနီးရှားနဲ့ မလေးရှားတို့ ပွဲစဉ်မှာတော့ အိမ်ရှင်အသင်းက ပွဲချိန် ၇၂ မိနစ်မှာ ကန်ခွင့်ရတဲ့ ပယ်နယ်တီသွင်းဂိုး တဂိုးတည်းနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် တတိယလုပွဲအဖြစ် သြဂုတ် ၁၁ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီမှာ မြန်မာနဲ့ မလေးရှားတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး အိမ်ရှင် အင်ဒိုနီးရှားနဲ့ ထိုင်းအသင်းတို့ကတော့ မြန်မာစံတော်ချိန် ညနေ ၆း၃၀ မှာ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
5 years Ago

August 9, 2018

အာဆီယံယူ-၁၆ ဆီမီးဖိုင်နယ် မြန်မာနှင့် ထိုင်း ယနေ့ညနေ ယှဉ်ပြိုင်မည်

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မြန်မာနဲ့ ထိုင်းအသင်းတို့ ဒီနေ့ညနေ မြန်မာစံတော်ချိန် ၃ နာရီ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာယူ-၁၆ အသင်းဟာ အုပ်စု အေမှာ အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ တီမောအသင်းတို့နဲ့ အတူကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ်တွေအပြီး အိမ်ရှင် အင်ဒိုနီးရှားက ငါးပွဲစလုံးအနိုင်ရကာ အုပ်စုပထမ၊ မြန်မာအသင်းက သုံးပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံး ၁၀ မှတ်ရပြီး ဗီယက်နမ်နဲ့ ရမှတ်တူပေမယ့် ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ဒုတိယနေရာကနေ ဆီမီးဖိုင်နယ် တက်ရောက်နိုင်တာပါ။ တဖက် အုပ်စု ဘီမှာတော့ ထိုင်း၊ မလေးရှား၊ လာအို၊ စင်ကာပူ၊ ဘရူနိုင်းတို့ ပါဝင်ပြီး ထိုင်းအသင်းက သုံးပွဲနိုင်၊ တပွဲသရေ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုပထမ၊ မလေးရှားက သုံးပွဲနိုင်၊ တပွဲရှုံး ၉ မှတ်နဲ့ အုပ်စုဒုတိယနေရာကနေ ဆီမီးဖိုင်နယ် တက်ရောက်လာပါတယ်။ ဒါကြောင့် အုပ်စု ဘီက ပထမရတဲ့ ထိုင်းအသင်းနဲ့ အုပ်စု အေက ဒုတိယ မြန်မာအသင်းတို့ တွေ့ဆုံတာဖြစ်ပြီး ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အုပ်စု အေ ပထမ အိမ်ရှင် အင်ဒိုနီးရှားနဲ့ အုပ်စု ဘီ ဒုတိယ မလေးရှားတို့လည်း ဒီနေ့ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ အာဆီယံ ယူ-၁၆ နောက်ဆုံး တတိယလုပွဲနဲ့ နောက်ဆုံးဗိုလ်လုပွဲကိုတော့ လာမယ့် သြဂုတ် ၁၁ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
5 years Ago
Up