ထိုင်းယာဉ်ထိန်းရဲ ၆၀ ခန့်ကို အရေးပေါ်ကလေးမွေးနည်း သင်ကြားပေး

July 3, 2015

ထိုင်းနိုင်ငံတွင် ရေကန်ခန်းခြောက်ရာမှ ရွှေငွေများ တူးဖော်ရရှိ

ထိုင်းနိုင်ငံ ဖစ်ချဘွန်းခရိုင်ထဲမှာ ရေကန်ကြီးတကန် ခန်းခြောက်ရာက ရွှေငွေလက် ၀တ်လက်စာ နဲ့ ဘုရားရုပ်တုတွေ တူးဖော်တွေ့ရှိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ဖစ်ချဘွန်းခရိုင် ချွန်းဒန်းမြို့နယ် ထာ့ခမ့်ရပ်ကွက်ထဲက ဧက ၆၀ အကျယ်ရှိတဲ့ ရေကန်ကြီးတကန် ဒီနှစ်ထဲ လုံးဝ ခန်းခြောက်သွားတာကြောင့် ရေကန်ပတ်လည်နေ ဈေးသည်တွေဟာ ၀င်ငွေမရှိတော့ဘဲ ရေကန်ထဲကျနေတဲ့ပစ္စည်းတွေ လိုက်လံတူးဖော်ရင်း ခုလိုတန်ဖိုးရှိ လက်ဝတ်လက်စားတွေ တွေ့ခဲ့တာလို့ ထာ့ခမ့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဆီရီရတ် အိမ့်ဆအတ်က သတင်းထောက်တွေကို ပြောပါတယ်။ ဈေးသည်တွေဟာ ဇွန် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပတ်ကြားအက်နေတဲ့ မြေကြီးထဲကနေ ကာလတန်ဖိုး ၁ သောင်းကျော်ရှိ ငွေအကြွေတွေရော၊ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ငွေလက်စွပ်နဲ့ ဘုရားဆင်းတုတော်တွေပါ တူးဖော်တွေ့ရှိခဲ့တယ်လို့  ဆိုပါတယ်။ ဈေးသည်တဦး ပြောပြချက်အရ သူတို့ဟာ အရင်က အဲဒီရေကန်ဘေးမှာ ဈေးရောင်းတာ တနေ့ကို ၀င်ငွေဘတ် ၁၀၀၀ အထိ ရခဲ့ပေမယ့် ဒီနှစ်ထဲ ရေကန်ခန်းခြောက်သွားတာကြောင့် ရေကန်မှာ  အပန်းဖြေလာရောက်လည်ပတ်သူတွေ မရှိတော့ဘဲ ၀င်ငွေ တနေ့ ဘတ် ၂၀ မှ ၃၀ ကို အနိုင်နိုင်ရှာနေရကြောင်း၊ အဲဒါနဲ့ ကြံရာမရဖြစ်ပြီး ပတ်ကြားအက်နေတဲ့မြေတွေထဲက ပစ္စည်းဟောင်းတွေ လိုက်လံရှာဖွေရာက တန်ဖိုးရှိပစ္စည်းတွေ တွေ့ခဲ့တာလို့ ဆိုပါတယ်။ အဲဒီပစ္စည်းဟာ ရေကန်မှာ  လာရောက်သူတွေ ကျကျန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရေကန်ကြီး ခန်းခြောက်သွားတာကြောင့် ကျေးရွာအုပ်စု ၄ စုက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ အခက်အခဲရှိနေကြောင်း၊ သောက်ရေသုံးရေအတွက် အ၀ီစိတွင်းကိုသာ မှီခိုနေရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။
6 years Ago

June 14, 2015

ဖေ့စ်ဘွတ်ခ်ပေါ်တွင် တရားမ၀င်သေနတ်ရောင်းချသူ ဖမ်းဆီးခံရ

အွန်လိုင်းပေါ်ကတဆင့် တရားမ၀င်လက်နက်ရောင်းဝယ်နေတဲ့အသက် ၁၉ နှစ်အရွယ် ထိုင်းအမျိုးသားတဦးကို ဆူရတ်ဌာနီခရိုင်က သူ့နေအိမ်မှာ သေနတ် ၁၂ လက်၊ သက်သေခံ ပစ္စည်း ၃၀၀ နီးပါးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ ၀ါ့ချရာပွန်ဆေးလင်းဟာ ဇွန် ၁၂ ရက်နေ့က ဆူရတ်ဌာနီခရိုင်တွင်းမှာ ၀ယ်သူအယောင်ဆောင်ရဲတွေနဲ့ တွေ့ဆုံအပြီးမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါရှိပါတယ်။ ရဲတွေက သူ့ဆီက ဆေးရွက်ကြီး၊ စိတ်ကြွမူးယစ်ဆေးဝါးနဲ့ သေနတ်တလက်ကို ၇၅၀၀ ဘတ်နဲ့ ၀ယ်ယူဖို့ဆက်သွယ်ခဲ့တာပါ။ ရဲတွေက သူ့ကို သူ့အိမ်ဆီခေါ်သွားဖို့ပြောခဲ့ပေမယ့် သူက သူ့ဆွေမျိုးတဦးအိမ်ကို ခေါ်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ ရဲတွေဟာ သူ့ရဲ့အိမ်ကိုတွေ့ရှိခဲ့ပြီး သူ့အိမ်ထဲမှာနေတဲ့ အမျိုးသမီး ၂ ဦးကိုပါ တွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီး ၂ ဦးက သူတို့ကို အိမ်သန့်ရှင်းရေးလုပ်ဖို့ ငှားရမ်းခဲ့တာဖြစ်ပြီး သေနတ်ရောင်း ၀ယ်မှုနဲ့ မပတ်သက်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ် ပရာနီးမီခမ်းဆိုသူအမျိုးသမီးကို ဖမ်းမိခဲ့ပေမယ့် ကျန်အမျိုးသမီးကတော့ ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးလွတ်မြောက်သွားပါတယ်။ ရဲတွေက သေနတ် ၁ လက်၊ ပွိုင့် ၃၂ ပစ္စတို ၁၁ လက်နဲ့ ဆက်စပ်ပစ္စည်း ၂၈၀ လောက် အဲဒီအိမ်ထဲက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဆူရတ်ဌာနီခရိုင်ရဲဌာန အရာရှိပွန်းဆက်နွမ်နူးက တရားမ၀င်လက်နက်ရောင်းဝယ်တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ “ဖူးဒူးလယ်ခွန်ဒမ်း” အမည်နဲ့ဖွင့်ခဲ့တဲ့ စာမျက်နှာကတဆင့် စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့တာလို့ ဆိုပါတယ်။ ၀ါ့ချရာပွန်ဟာ ကျောင်းသားတယောက်ဖြစ်ပြီး သူ့ရဲ့ရပ်တည်နေထိုင်မှုအတွက် အွန်လိုင်းပေါ်မှတဆင့် လက်နက်ရောင်းဝယ်မှုက ရခဲ့တာလို့ ရဲတွေကိုပြောပါတယ်။ သူက သေနတ်နဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ဖေ့စ်ဘွတ်ပေါ်က အခြားရောင်းသူတွေဆီကရတာလို့ ဆိုပါတယ်။ အဲဒီသေနတ်တွေကို ရောင်းချဖို့ပြန်လည်ပြင်ဆင်ပြီးချိန်မှာ ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ဗွီဒီယိုဖိုင်တွေကိုပါ ပြု လုပ်တယ်လို့ ရဲတွေကိုပြောခဲ့ပါတယ်။ ပစ္စည်းမှာသူဆီက မက်ဆေ့ခ်ျရပြီး ၁ နာရီအတွင်း သူဟာ ပစ္စတိုတလက်ကို ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့မှ ၀ယ်သူ့ဆီကို ဖေ့စ်ဘွတ်ခ်မက်ဆေ့ခ်ျကနေ ပုံတွေပို့ရတာလို့ သူကပြောပါတယ်။ ၀ယ်သူ့ဆီက ငွေလွှဲလက်ခံပြီးချိန်မှာ သူက ပစ္စည်းဝန်ဆောင်မှုကတဆင့် သေနတ်ကို ပို့ပေးတယ်လို့ ဆိုပါတယ်။ ရဲတွေက သူ့အိမ်ထဲမှာ တရားမ၀င် ရောင်းချပြီး သေနတ်ပြေစာစုစုပေါင်း ၁၁၂ ရွက် တွေ့ရှိခဲ့တယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါရှိပါတယ်။
6 years Ago
Up