ထိုင်းမိန်းကလေးများ၏

April 7, 2018

ထိုင်းမိန်းကလေးများ၏ ညစ်ညမ်းဗွီဒီယို တွေ့ရှိမှုဖြင့် ပြင်သစ်အမျိုးသားအား ဖမ်းဆီး

ထိုင်းမိန်းကလေးငယ်တွေရဲ့ ညစ်ညမ်းဓာတ်ပုံတွေနဲ့ ဗွီဒီယိုရုပ်သံတွေ လက်ဝယ်ပိုင်ဆိုင်မှုနဲ့ အသက် ၆၄ နှစ်အရွယ် ရာချစ်အက်ဒယ်ကာဒါဆိုတဲ့ ပြင်သစ်အမျိုးသားကို အမေရိကန် အက်ဖ်ဘီအိုင်နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး ဧပြီ ၅ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ ဘန်လမောင်းခရိုင် ပတ္တယားတောင်ပိုင်းမှာရှိတဲ့ ရန်လန်းစွိုင်က ပြင်သစ်အမျိုးသားရဲ့ အိမ်ကို ဒေသခံ လူဝင်မှုကြီးကြပ်ရေးရဲတွေ၊ အထူးစုံစမ်းရေးဌာနက အရာရှိတွေ ရှာဖွေခဲ့ကြပြီး ကွန်ပျူတာဖိုင်တွေနဲ့ ဒစ်စ်ခ်ထဲမှာ အသက် ၁၈ နှစ်အောက် ထိုင်းမိန်းကလေးတွေရဲ့ ညစ်ညမ်းဗွီဒီယိုတွေနဲ့ ဓာတ်ပုံတွေ အများကြီးကို ရှာဖွေတွေ့ခဲ့တာပါ။ အဖမ်းခံရသူ မစ္စတာကာဒါက သူ့ရဲ့ ပင်စင်ယူတဲ့ အချိန်ကာလကို ပတ္တယားမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ကုန်ဆုံးခဲ့တာလို့ ချွန်ဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေး အကြီးအကဲဖြစ်သူ စုန်ပရုတ်စီရိစုခါက ပြောလိုက်ပြီး သူဟာ ညစ်ညမ်းဓာတ်ပုံတွေနဲ့ ရုပ်သံတွေကို သူ့အဖွဲ့ဝင်တွေအတွက် ကူးယူပို့ဆောင်ပေးဖို့ စုဆောင်းခဲ့တာလို့ အက်ဖ်ဘီအိုင်က ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားခဲ့တာပါ။ မစ္စတာကာဒါကို လိင်ပိုင်းဆိုင်ရာ အကျိုးအမြတ်အတွက် ကလေးညစ်ညမ်းပုံတွေ ပိုင်ဆိုင်မှုနဲ့ တရားစွဲဆိုထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up