ထိုင်းနိုင်ငံ ဟတ်ယိုင်က မက်ဒေါ်နယ်ဆိုင်မှာ ရေခဲမုန့်ကို ကြွက်ဝင်စားတဲ့ ရုပ်သံဖိုင် ပျံ့နှံ့သွားတဲ့အတွက် မက်ဒေါ်နယ်က စားသုံးသူတွေကို တောင်းပန်လိုက်ပါတယ်။
ဟတ်ယိုင် လီဂါးဒန်းဆိုင်ခွဲမှာ မတ် ၂၁ ရက် နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ဖြစ်ပြီး နောက်နေ့မှာ အလျင်အမြန် စုံစမ်းဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆိုင်ရဲ့ လုံခြုံရေး ကင်မရာက လူမှုရေးကွန်ရက်မှာ ဖြစ်ပွားတဲ့ ဒီဖြစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။
လီဂါးဒန်းဟတ်ယိုင်ဆိုင်ခွဲက မိလ္လာပိုက်တွေဝန်းရံနေသလို ကြွက်တွေသောင်းကျန်နေတဲ့ ဆိုင်တွေအကြားမှာ ရှိနေတယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။
ဒီဖြစ်ရပ်တွေကို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ ဈေးဝယ်ဆင်တာနဲ့ ပတ်ဝန်းကျင်မှာ ကြွက်နဲ့ အင်းဆက်တွေ ကင်းစင်အောင် လီဂါးဒန်းက မြေပိုင်ရှင် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်လို့လည်း ဆိုပါတယ်။
5 years Ago