ထိုင်းဘုရင်ကြီး ရောင်စုံဓာတ်ပုံများကို အဖြူအမည်းပုံများဖြင့် အာဏာပိုင်များ လဲလှယ်

A d v e r t i s e m e n t With Us

October 19, 2016

ထိုင်းဘုရင်ကြီး ရောင်စုံဓာတ်ပုံများကို အဖြူအမည်းပုံများဖြင့် အာဏာပိုင်များ လဲလှယ်

ထိုင်းအာဏာပိုင်တွေဟာ လမ်းတွေပေါ်မှာ စိုက်ထူထားတဲ့ နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒတ် ရဲ့ ရောင်စုံ ဓာတ်ပုံတွေကို အဖြူအမည်းပုံတွေနဲ့ ဒီနေ့မနက် မတိုင်မီ လဲလှယ်နေကြပါတယ်။ နာမည်ကျော် ဘန်ကောက်မြို့တော် ယာဉ်ကြောပိတ်ဆို့မှု သက်သာတဲ့ ညသန်းခေါင်ကျော် အချိန်မှာ ခုလို လဲလှယ်နေတာ ဖြစ်ပါတယ်။ ဝမ်းနည်းခြင်း အထိမ်းအမှတ် အချိန် တနှစ်အတွက် သင့်တော်တဲ့ အဖြူအမည်း ဓာတ်ပုံ တွေကို နိုင်ငံတလွှားမှာ ပြန်လဲလှယ် နေတာပါ။ နန်းတော်မှာတော့ ထောင်သောင်းချီနေတဲ့ ပြည်သူတွေ နတ်ရွာစံ ဘုရင်ကို ဂါရဝပြု ဆုတောင်းခွင့်ရရေး တန်းစီ စောင့်ဆိုင်းနေပါတယ်။ နန်းမွေဆက်ခံဖို့ မျှော်လင့်ထားတဲ့ အိမ်ရှေ့စံမင်းသား ဗဂျီရာ လောင်ကွန်းကတော့ ထီးနန်းမဆက်ခံမီ ပြည်သူတွေနဲ့အတူ ဝမ်းနည်းဆုတောင်းချင်တယ်လို့ ပြောခဲ့ပြီးပါပြီ။ တရားဝင် ထီးနန်း မလွှဲအပ်မီ ထီးနန်းစောင့် အဖြစ် ထီးနန်းထိန်း တယောက်ကို အစိုးရက ခန့်အပ်ထားပါတယ်။ ဒါပေမယ့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ဝမ်းနည်းခြင်း ၁၅ ရက်အပြီး ထီးနန်းလွှဲအပ်တဲ့ လုပ်ငန်းစဉ် ဖြစ်မြောက်နိုင်တယ်လို့ သတင်းထောက်တွေကို အောက်တိုဘာ ၁၈ ရက်နေ့က ပြောပါတယ်။
4 years Ago
Up