ထိုင်းဘုရင်ကြီးအတွက် ထောင်သား ၃ ထောင်ကျော် ၉ ဂဏန်းဖြင့် ပုံဖော်ဂုဏ်ပြု

A d v e r t i s e m e n t With Us

October 28, 2016

ထိုင်းဘုရင်ကြီးအတွက် ထောင်သား ၃၆၀၀ ကျော် ၉ ဂဏန်းဖြင့် ပုံဖော်ဂုဏ်ပြု

ထိုင်းထောင်သား အယောက် ၃၆၀၀ ကျော်ဟာ အောက်တိုဘာ ၁၃ ရက်က နတ်ရွာစံခဲ့တဲ့ ရာမမင်းဆက် ၉ ဆက်မြောက် ဘုရင်ဘူမိဘော အဒူလျာဒက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ထိုင်းဘာသာ ၉ ဂဏန်းကို အောက်တိုဘာ ၂၇ ရက်နေ့က ပုံဖော်ခဲ့ကြပါတယ်။ ကမ္ဘာ့နန်းသက်အရှည်ဆုံး ထိုင်းဘုရင် ဘူမိဘောဟာ အနှစ် ၇၀ ထီးနန်းစိုးစံခဲ့သူပါ။ နိုင်ငံရေး အကွဲအပြဲတွေရှိတဲ့ ထိုင်းနိုင်ငံမှာ ဘုရင်ဘူမိဘောဟာ စည်းလုံးခြင်းသင်္ကေတအဖြစ် ရှုမြင်ခံရပါတယ်။ ခုတော့ ဘုရင်အတွက် တနှစ်ကြာ ဝမ်းနည်းခြင်းကာလ သတ်မှတ်ထားပါတယ်။ ဘန်ကောက်မြို့တော် မြောက်ဘက် ၂၅ မိုင် အကွာက ပထုံဌာနီခရိုင် လူငယ် အကျင့်စာရိတ္တ ပြုပြင်ရေးဌာနက  ထောင်သား ၃၆၉၉ ယောက်က ထောင်ပရဝဏ်ထဲမှာ ခုလို ပုံဖော်ခဲ့တာပါ။ ဘုရင်အတွက် စပ်ဆိုထားတဲ့ သီချင်းတွေကိုလည်း သီဆိုခဲ့ပါတယ်။ ထောင်သား အများအပြားက ဘုရင်အပေါ် သစ္စာရှိကြောင်းပြဖို့ တခုခု လုပ်ချင်ကြတယ်လို့ ထောင်မှူးက ပြောပါတယ်။ ဒီထောင်သားတွေထဲက လူအများအပြားဟာ မူးယစ်ဆေးအမှုနဲ့ ထောင်ကျသူတွေပါ။ အသက် ၆၄ နှစ်အရွယ် အိမ်ရှေ့စံမင်းသား မဟာဗဂျီရာလောင်ကွန်းဟာ နန်းမွေခံ ဖြစ်ပေမယ့် နန်းတက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ မင်းသားက ပြောတဲ့အကြောင်း စစ်အစိုးရ အကြီးအကဲ ပရာယွတ် ချန်အိုချာက ပြောပါတယ်။ မင်းသားဟာ နတ်ရွာစံဘုရင်ရဲ့ တော်ဝင်ဈာပနပွဲ မပြီးခင် ဝမ်းနည်းခြင်းကာလ တနှစ်အတွင်း နန်းသိမ်းပွဲ မလုပ်နိုင်ဘူးလို့ ပြောပါတယ်။ နန်းသိမ်းပွဲ မလုပ်ပေမယ့် ဘုရင် နတ်ရွာစံအပြီး ၇ ရက်ကနေ ၁၅ ရက်အတွင်း မင်းသားကဘုရင် ဖြစ်နိုင်တယ်လို့ ပရာယွတ်သ်က အရင် သီတင်းပတ်က ပြောပါတယ်။ ဒီနေ့ဟာ ဘုရင် နတ်ရွာစံတာ ၁၅ ရက်ပြည့်တဲ့ နေ့လည်း ဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ရိုက်တာ  
4 years Ago
Up